မြောက်ကိုရီးယား နျူကလီးယားအရေး အမေရိကန်-တောင်ကိုရီးယား ဆွေးနွေးမည်
မြောက်ကိုရီးယား နျူကလီးယားပြဿနာကို ဆွေးနွေးဖို့အတွက် တောင်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဇွန်လအကုန်ပိုင်းလောက်မှာ ကျင်းပမယ်လို့ တောင်ကိုးရီးယားအစိုးရက မေ ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
အဲ့ဒီထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယား နျူကလီးယားပြဿနာကို ခိုင်မာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို နီးနီးကပ်ကပ် ဆွေးနွေးသွားမယ်လို့လည်း သူက ဆိုပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ အိမ်နီးချင်း ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်က သတိပေးနေတဲ့ကြားက ၇ ကြိမ်မြောက် တာဝေးပစ်ဒုံးလက်နက် စမ်းသပ်ချက်ကို မေ ၁၄ ရက်က ထပ်လုပ်ခဲ့ပြီး အဲဒီဒုံးလက်နက်ဟာ ဂျပန်ရေပိုင်နက်ထဲကို ကျရောက်ခဲ့ပါတယ်။
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment