မန္တလေးတွင် ပေါက်ကွဲစေတတ်သော အမိုနီယမ်နိုက်ထရိတ်အိတ်များသိုလှောင်ထားသည့်ဂိုဒေါင်ကို စစ်ဆေးတွေ့ရှိ
မန္တလေးတိုင်း အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာ စွယ်တော်ဘုရားအရှေ့ဘက်ရှိ စွယ်တော်ပွဲရုံတန်းရှိ ဂိုဒေါင်အမှတ် i/17 အတွင်း ဧပြီ ၄ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ဝင်ရောက်ရှာဖွေရာ ဂိုဒေါင်အတွင်း၌ ပေါက်ကွဲစေတတ်သော အမိုနီယမ်နိုက်ထရိတ် အိတ်ပေါင်း (၃၆၀၀) အား သိုလှောင်ထားသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါဂိုဒေါင်၏ပိုင်ရှင်မှာ မန္တလေး ၃၅ လမ်းနေ ဒေါ်ခင်စန်းလွင်ဟုသိရပြီး ဂိုဒေါင်အား ဦးအာဟိန်း(စိစစ်ဆဲ)ဆိုသူအား ငှားရမ်းထားရှိခြင်းဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။
အမိုနီယမ်နိုက်ထရိတ်ကို ကျောက်မိုင်းခွဲခြင်း၊ ရွှေတွင်းမိုင်ခွဲရာများတွင် အများဆုံးအသုံးပြုကြပြီး လက်လုပ်မိုင်းအဖြစ်လည်း သုံးစွဲကြကြောင်း သိရသည်။ လက်ရှိတွင် တာဝန်ရှိသူများက ပိုင်ရှင်ဖြစ်သူကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
စိုင်းထူးခန့်(NewsWatch)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment