Latest News
Thursday, May 11, 2017
လုပ်ပိုင်ခွင့်တာဝန်ကို ရဲတပ်ဖွဲ့ နှင့်တာဝန်ရှိသူများ ခေါင်း​ရှောင်​​နေကြောင်း အမျိုးသား​ရေးလှုပ်​ရှားသူ​ ပြောကြား
လုပ်ပိုင်ခွင့်တာဝန်ကို ရဲတပ်ဖွဲ့ နှင့်တာဝန်ရှိသူများ
ခေါင်း​ရှောင်​​နေကြောင်း အမျိုးသား​ရေးလှုပ်​ရှားသူ​ ပြောကြား
ဦးကိုလတ်ကို ဖမ်းဆီးလိုက်ကြောင်း သတင်းထွက်နေ
---------------------------------------
မေလ ၉  ရက်နေ့ ညက မင်္ဂလာ​တောင်​ညွှန့်​မြို့နယ်​တွင်
ဖြစ်ပွားခဲ့​သော ရုန်းရင်းဆန်​ခတ်​မှုဖြစ်​စဉ်​နှင့်​ ပတ်​သက်​ပြီး 
ရဲတပ်ဖွဲ့ နှင့်တာဝန်ရှိသူများက ၎င်းတို့ ၏ လုပ်ပိုင်ခွင့်
တာဝန်ကို ခေါင်းရှောင်နေကြောင်း အမျိုးသားရေး
လှုပ်ရှားသူ ဦးကိုလတ်က ဝေဖန်ပြောကြားလိုက်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မေ ၁၁ရက်​​က
City Star Hotel တွင်​ မျိုးချစ်​ရဟန်း​တော်​များနှင့်
အမျိုးသား​ရေးလုပ်​ရှားသူများပြုလုပ်ခဲ့သည့် သတင်းစာ
ရှင်းလင်းပွဲတွင်​ ဦးကိုလတ်​က ပြောခဲ့ခြင်းဖြစ်သည်။
မင်္ဂလာ​တောင်​ညွန့်​မြို့နယ်​ ၁၂၂လမ်းရှိ တိုက်ခန်း
တစ်​ခန်းတွင်​ တရားမဝင်​​နေထိုင်​သူများရှိသည်​ဟု
အမျိုးသား​ရေးလှုပ်​ရှားသူများက သတင်း​ပေး​ခြင်းကြောင့်​ ​မေလ ၉ ရက်​​နေ့ညက ရဲတပ်​ဖွဲ့၊ သက်​ဆိုင်​ရာ
တာဝန်​ရှိသူများအပါအဝင် အမျိုးသား​ရေးလှုပ်​ရှားသူများ
သွား​ရောက်​စစ်​​ဆေးသည့်​ ကိစ္စနှင့်​ပတ်​သတ်​ပြီး
The Ladies News ကမေးမြန်းခဲ့ရာတွင် ဦးကိုလတ်က
 တိုက်​ခန်းကိုစစ်ဆေးခဲ့ရာ  နေထိုင်သူတချို့
မှတ်​ပုံတင်​​ပျောက်​ဆုံးနေကြောင်း ၊ ထုတ်​ပြသည့်
သန်း​ခေါင်​စာရင်းမှာလည်း မိတ္တူဖြစ်​​နေကြောင်း ၊
စာသားများ ထင်​ရှားမှု့ မရှိခြင်းတို့​ကြောင့်​ ရဲစခန်းသို့ 
ခေါ်ယူသင့်​​သည်ဟု အကြံပြုခဲ့ကြောင်း ဖြေကြားခဲ့သည်​။
ဘောလီဘော ပုတ်နေ
---------
"မြို့နယ်​မှုးက ဘာ​ပြောလည်းဆိုတော့
သူတို့က လုံခြုံ​ရေးလာယူ​ပေးတာတဲ့ ကျန်​တဲ့အပိုင်း
သူတို့နဲ့မဆိုင်ဘူးတဲ့  ဆိုင်​တာက လ.ဝ.က နဲ့ ဆိုင်​တာတဲ့
ဒါနဲ့ ကျွန်​​တော်​က လ.ဝ.က ခရိုင်​မှုးကိုထပ်​​ပြောတယ်​။
 အစ်​ကိုတို့ လ.ဝ.က ဥပ​ဒေနဲ့ ညှိတယ်​လို့ပြောတယ်
အစ်​ကိုတို့ဘယ်​လို​ဆောင်​ရွက်​ပေးမလည်းဆို​တော့
ကျွန်​​တော်​က မှတ်​ပုံတင်​ အတုဖြစ်​လား အစစ်​ဖြစ်​လားပဲ
ကြည့်တာတဲ့ အတုဖြစ်​ရင်​​တော့ ကျွန်တော် အ​ရေးယူလို့
ရတယ်​ ကျန်​တာ ကျွန်တော့်​ အပိုင်းမဟုတ်​ဘူး
 မြို့နယ်အုပ်ချုပ်ရေးမှူးအပိုင်းတဲ့ မြို့နယ်​အုပ်​ချုပ်ရေးမှူးနဲ့
ဆက်​ရှင်းလိုက်​ပါတဲ့။ ကျွန်​တာ်​မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးကို
သွား​မေးတယ်​ အစ်​ကိုနဲ့ဆိုင်​တယ်​လို့ ပြောတယ်
အစ်ကို​ရော ဘယ်​လိုအ​ရေးယူပေးးမှာလည်းဆို​တော့
ရပ်​ကွက်​အုပ်​အုပ်ချုပ်​​ရေးမှူးနဲ့ ဆိုင်​တာ
သူ့ကို သွား​မေးလိုက်​ပါတဲ့  အဲဒါနဲ့ ရပ်​ကွက်​အုပ်​ချုပ်ရေးမှူးကို
သွားမေးတယ်​။ ရဲတို့၊ လ.ဝ.က တို့ အုပ်​ချုပ်​​ရေးမှူးတို့ က
 ဖမ်းတယ်​ဆိုလို့ရှိရင်​  သူက လူ​ခေါ်​ပေးလို့ရတယ်
နို့မို့ဆိုရင်​ သူနဲ့ဘာမှ မဆိုင်​ပါဘူးလို့ဆို​တော့
တစ်​​ယောက်​နဲ့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ 
ဘောလီ​ဘော ပုတ်​တဲ့ဒဏ်​ကို ကျွန်တော်တို့ ခံခဲ့ရတယ်
အ​ရေးယူမှုမရှိပါဘူး'' ဟု ဦးကိုလတ်​ကဖြေကြားခဲ့သည်​။
စွပ်စွဲပြီး ပြောခြင်း မဟုတ်
---------
ရဲတပ်​ဖွဲ့နှင့် သက်​ဆိုင်​ရာ တာဝန်​ရှိသူများအား
ခေါင်း​ရှောင်​နေခြင်းဟု  ဦးကိုလတ်အ​နေဖြင့်
စွပ်​စွဲ​ပြောဆိုခြင်းလားဟု The Ladies News က
ထပ်​မံ​မေးမြန်းခဲ့ရာတွင် ၎င်းက
"စွပ်​စွဲပြီး​ပြောတာမဟုတ်​ဘူး။ လက်​ညှိုးထိုးပြီး​ပြောတာ
 ကျွန်​​တော်​စွပ်​စွဲပြီးမ​ပြောပါဘူး၊ အဲဒီစကား​တွေက
အ​ခြေမြစ်​ခိုင်​ခိုင်​မာမာ ရှိတဲ့စကား​တွေ၊ ကျွန်​​တော်​တို့မှာ
လူသက်​​သေရှိတယ်​ မှတ်တမ်းမှတ်​ရာ ဓာတ်​ပုံ​တွေရှိတယ်​'' ​ဖြေကြားခဲ့သည်။
ရုန်းရင်းဆန်​ခတ်​မှုများနှင့်​ ပတ်သက်ပြီး မကြာမီ
သတင်းထုတ်​ပြန်သွားမည်​ဟု ရဲတပ်​ဖွဲ့က
သတင်းမီဒီယာ တစ်​ခုကို ​ပြောကြားထားသည်။
ဖမ်းဆီးလိုက်ကြောင်း သတင်းထွက်
---------
နောက်ဆက်တွဲကြားသိရသည့်သတင်းများအရ
အဆိုပါ အမျိုးသားရေး လှုပ်ရှားသူ Facebook Account  Ko Latt ဦးကိုလတ်ကို
ရန်ကုန်တိုင်း တိုင်းရဲတပ်ဖွဲ့ ရုံးမှ တာဝန်ရှိသူများက
မေ ၁၁ ညနေပိုင်းက ပုဒ်မ ၅၀၅  ဂ ဖြင့် ဖမ်းဆီးခဲ့ကြောင်း
လူမှု့ ကွန်ယက်များတွင် သတင်းထွက်ပေါ်လာခဲ့သည်။
အဆိုပါဖမ်းဆီးမှု့ သတင်းကို အတည်ပြုနိုင်ရန်
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှ အဆင့်မြင့် အရာရှိတစ်ဦးထံ
မေ ၁၁ ည ၁၀း၄၀ နာရီက ဖုန်းဖြင့်
ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍ မရခဲ့ပေ။
သတင်းနှင့်ဓါတ်ပုံ
အောင်​ရဲ​နောင်
The Ladies News
No comments:
Post a Comment