Latest News

Wednesday, May 10, 2017

ဦးကိုနီလုပ်ကြံမှု ရက် ၁၀၀ ပြည့်ခဲ့ပြီ

ဦးကိုနီလုပ်ကြံမှု ရက် ၁၀၀ ပြည့်ခဲ့ပြီ

မေလ၉ ရက်သည် တရား လွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု ရက် ၁၀၀ ပြည့်သည့်နေ့ဖြစ်သည်။

ဦးကိုနီသေဆုံးသည်မှ ရက် ၁၀၀ အတွင်း လူသတ်တရားခံ ကြည်လင်းနှင့် အပေါင်းပါအချို့ ဖြစ်သော အောင်ဝင်းထွန်း၊အောင် ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို ဖမ်း ဆီးနိုင်ခဲ့သော်လည်း အဓိကတရား ခံဟုယူဆသော အောင်ဝင်းခိုင်မှာ လွတ်မြောက်နေဆဲ ဖြစ်သည်။ လက်ရှိ တရားခံအချို့ကို ရုံးတော် မှာ စစ်ဆေးနေပြီး အောင်ဝင်းခိုင် ကို ဖမ်းဆီးနိုင်ရန်လည်း ကြိုးပမ်း နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာ နက သတင်းထုတ်ပြန်ထားသည်။

အချိန်ကြာလာသည်နှင့်အမျှ လုပ်ကြံမှုဖြစ်စဉ်အတွက် သွေး အေးနေသော်လည်း အဆိုပါ အမှု အတွက် မည်သို့ တရားစီရင်မည် လဲဆိုသည်နှင့် အောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်မှာလား ဆိုသည်မှာ ပြည်သူများသိချင်သော မေးခွန်း ပင်ဖြစ်သည်။

ကြည်လင်းနှင့် တရားခံအချို့ကို ရုံးတော်တွင် စစ်ဆေးခြင်း

ရက် ၁၀၀ အတွင်း တရားခံ ကြည်လင်းအပါအဝင် တရားခံ လေးဦးကို မြောက်ပိုင်းခရိုင်တရား ရုံးတွင် ရုံးထုတ်စစ်ဆေးသည်မှာ ခုနစ်ကြိမ်ရှိပြီဖြစ်သည်။

ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း နှင့် ဇေယျာဖြိုးတို့ကို လူသတ်မှု ဖြင့် တရားစွဲဆိုထားသည်။ ကြည် လင်းနှင့် အောင်ဝင်းဇော်ကို လက် နက်မှုဖြင့် ထပ်မံစွဲဆိုထားပြီး ကြည်လင်းကို လဝကဥပဒေဖြင့်
ထပ်မံတရားစွဲထားသည်။

ဦးကိုနီအတွက် တရားလို ဘက်မှ လိုက်ပါဆောင်ရွက်သော ရှေ့နေအဖြစ် ဦးနေလက ဆောင် ရွက်ခဲ့ပြီး အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့အတွက် တ ရားခံများဘက်မှ လိုက်ပါဆောင် ရွက်မည့် ရှေ့နေအဖြစ် မန္တလေး
မြို့သားအထက်တန်းရှေ့နေ ဦး အောင်ခိုင်က ဆောင်ရွက်ခဲ့သည်။ အထက်တန်းရှေ့နေ ဦးအောင်ခိုင် မှာ ဘုတလင်မြို့တွင် ကြည်လင်း ဘုရားခိုးမှုနှင့် တရားရုံးရောက်စဉ် ကလည်း ရှေ့နေအဖြစ် လိုက်ပါခဲ့ ဖူးသည်။ လက်ရှိ
ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက်ကို လည်း ဦးအောင်ခိုင်၏အဆက်အ သွယ်နှင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်။

ဦးကိုနီလုပ်ကြံခံရမှုအတွက် ပထမအကြိမ် ရုံးထုတ်စစ်ဆေးစဉ် က အများပြည်သူမသိအောင် လျှို့ဝှက်ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ရုံးထုတ်သည့်   မတ်လ ၁၇ ရက် ရုံးချိန်းကစ၍ အ များပြည်သူမြင်ကွင်းတွင် ရုံးထုတ် စစ်ဆေးခဲ့သည်။ အဆိုပါရုံးချိန်း တွင် ရှေ့နေပါဝါတင်ခြင်းနှင့်လွတ် မြောက်နေသည့် အောင်ဝင်းခိုင်အ တွက် ထပ်တိုးဖမ်းဝရမ်းထုတ်ပေး ရန် တရားလိုရှေ့နေက ဆောင် ရွက်ခဲ့သည်။

မတ်လ ၂၄ ရက် တတိယ မြောက်ရုံးချိန်းတွင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို စွဲတင်ထား သည့်လက်နက်မှုပုဒ်မ၁၉(စ)(ဃ) ကို စစ်ဆေးခဲ့သည်။အဆိုပါရုံးချိန်း တွင် ရှေ့နေ ဦးအောင်ခိုင်က ‘လုပ်ကြံစဉ်က ကြည်လင်းကိုင်ဆောင် ခဲ့သော သေနတ်နှင့် အောင်ဝင်း ဇော်သည် ဆက်စပ်မှုမရှိကြောင်း’ တရားခွင်အတွင်း သက်သေပြနိုင် ရန် ကြိုးစားခဲ့သည်။

မတ်လ ၃၁ ရက်က လေး ကြိမ်မြောက်ရုံးချိန်းတွင် လူသတ် မှုပုဒ်မ ၃၀၂ ကို စစ်ဆေးခဲ့သည်။ အဆိုပါရုံးချိန်းတွင် ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက်က ဦးကိုနီကို သတ်ခဲ့ပြီးနောက် ပြေး ထွက်ရာ၌ ဦးနေဝင်းကို မတော်တ ဆပစ်မိခြင်းဖြစ်ကြောင်း လျှောက် လဲခဲ့သကဲ့သို့ တရားခံကြည်လင်း ကလည်း လူများ ဝိုင်းဖမ်းဆီးနေ၍ ကျည်မတော်တဆထွက်သွားခြင်း ဖြစ်ကြောင်း တရားခွင်တွင် ထွက် ဆိုခဲ့သည်။

‘‘ကျွန်တော့်အနား လူငါး ယောက်၊ ခြောက်ယောက်က အ နားရောက်လာပြီး ဝိုင်းထိုး ဝိုင်း ကြိတ်ဖြစ်လို့ သေနတ်က ဒိုး၊ ဒေါက်ဆို ကျည်ထွက်သွားတာ’’ ဟု ကြည်လင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၈ ရက် (၅)ကြိမ်မြောက် အဖြစ် လက်နက်မှုကို ၁၅ မိနစ်ခန့် သာ စစ်ဆေးခဲ့ပြီး တရားခွင်တွင် ထူးထူးခြားခြား အပြန်အလှန်ပြော ဆိုမှုတစ်စုံတစ်ရာမရှိခဲ့ပေ။ ဧပြီ ၂၁ ရက်ရုံးချိန်းတွင်လည်း လက် နက်မှုကိုသာ စစ်ဆေးခဲ့ပြီးထူးခြား ချက်မရှိခဲ့ပေ။ ဧပြီ ၂၈ ရက်တွင် တော့ ခရိုင်တရားရုံးတွင်သက်ဆိုင် ရာ အမှုတွဲမရှိ၍ စစ်ဆေးမှုမပြု လုပ်ခဲ့ပေ။ ထိုနေ့က တိုင်းတရား လွှတ်တော်တွင် အောင်ဝင်းခိုင်ကို ဖမ်းဝရမ်းထုတ်ရန် တရားလိုဘက် က ပြင်ဆင်မှုတင်ထားခြင်းနှင့်ပတ်သက်၍ တရားလိုရှေ့နေ ဦးနေလ က အပြီးသတ်ကြားနာမှုပြုလုပ်ခဲ့ သည်။

လက်ရှိ ရက် ၁၀၀ အတွင်း တရားခွင်စစ်ဆေးမှုများတွင် တရား လိုရှေ့နေ ဦးနေလကတရားခံဘက် က ရှေ့နေများမှာ တစ်ဖွဲ့တည်း ဖြစ်သည့်အလျောက် ပူးပေါင်းကြံ စည်မှုပြုလုပ်နိုင်သည်ဟုမှတ်ချက် ပေးခဲ့သည်။ တရားခံရှေ့နေ ဦး အောင်ခိုင်ကလည်း တရားခံ၏ ရှေ့နေကို တရားခံနှင့်အတူအပြစ် သားဟုတွဲမမြင်ဘဲ ဥပဒေဝန်ထမ်း အဖြစ်မြင်ရန် တုံ့ပြန်ခဲ့သည်။

သေနတ်ဒဏ်ရာဖြင့် သေဆုံး ခဲ့ရသူ ဦးနေဝင်း၏ဇနီး မချောစုနိုင် က လက်ရှိ တရားစီရင်နေသည့်အ ပေါ် ဘာမျှမပြောလိုသော်လည်း ကျည်ဆန် မတော်တဆထွက်၍ ခင်ပွန်းသည်သေခဲ့ရသည့် ကြည် လင်း၏လျှောက်လဲချက်ကို အံ့သြ မိသည်ဟုဆိုသည်။ ‘‘အပြစ်ပေါ့ အောင် လျှောက်လဲတာ နားလည် ပေမယ့် သူတို့ကျည်မတော်တဆ ထွက်တယ်ဆိုပေမယ့် ဒီမှာက လူ တစ်ယောက်လေ။ ပြီးတော့မိသား စုနဲ့၊ အိမ်ထောင်နဲ့’’ဟု ၎င်းကပြော သည်။

တရားသူကြီးဟောင်းတစ်ဦး ဖြစ်ပြီး ပြည်ထောင်စုတရားလွှတ် တော်ချုပ်ရုံးတွင် တာဝန်ထမ်း ဆောင်ခဲ့သူ ဦးမြတ်ငြိမ်းကျော်က တော့ ယခုအမှုသည် ဆက်လက် စောင့်ကြည့်ရဦးမည့် အမှုဖြစ်ပြီး နှစ်ပေါက်အောင် ကြာနိုင်သည်ဟု ဆိုသည်။ ထို့ပြင် ပြည်သူများအ နေဖြင့် တရားစီရင်ရေးကို ကျိန်း သေစောင့်ကြည့်နေရမည့် အမှုအ ဖြစ် မှတ်ချက်ပြုသည်။

လွတ်မြောက်နေဆဲအောင်ဝင်းခိုင် ဖမ်းဆီးရေး

ရက် ၁၀၀ အတွင်း အောင် ဝင်းခိုင်ဖမ်းဆီးရေးနှင့် စုံစမ်းစစ် ဆေးမှုအနေဖြင့် ပြည်ထဲရေးဝန် ကြီးဌာနနှင့်ရဲတပ်ဖွဲ့က ပြည်သူ မြင်သာသော၊ ထင်သာသော လုပ် ဆောင်ချက်နှစ်ချက်သာ လုပ် ဆောင်ခဲ့သည်။

ပထမအချက်အနေဖြင့် ဇန် နဝါရီ ၂၉ ရက်တွင် ဦးကိုနီလုပ် ကြံခံခဲ့ရပြီး တစ်လမပြည့်ခင် ဖေ ဖော်ဝါရီ ၂၅ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဦးဆောင်၍ ရဲချုပ်အပါအ ဝင် မူးယစ်ပြတိုက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။အဆိုပါ ရှင်းလင်းပွဲတွင် အောင်ဝင်းခိုင်မှာ  နေပြည်တော် ပရဆေးဥယျာဉ်နား တွင် ပျောက်သွားခဲ့သည်ဟု ပြော ကြားခဲ့သည်။ အစိုးရနှင့် တပ်မ တော်တို့ အခြေစိုက်ရာမြန်မာပြည် ၏ လုံခြုံရေးအတင်းကျပ်ဆုံးမြို့ တွင် အဓိကတရားခံဟု ယူဆနေရ သည့် အောင်ဝင်းခိုင်ပျောက်သွား သည်ဆိုခြင်းအပေါ် ပြည်သူအများ စု ဘဝင်မကျဖြစ်ခဲ့ရသည်။နောက် ပိုင်းတွင် ပရဆေးဥယျာဉ်အနီးမှ စီစီတီဗီမှတ်တမ်းများလည်း အလို အလျောက် ပျက်သွားခဲ့သည်ဆို သည့်သတင်းကြောင့် ပြည်သူအ များစုအတွက် တရားခံဖမ်းဆီးရေး မှာ လှောင်ပြောင်စရာကိစ္စဖြစ်ခဲ့ ရသည်။

ပြည်ထဲရေးဝန်ကြီးဌာနက တော့ ပြည်တွင်းရှိ ကားဂိတ်၊ ရ ထားဂိတ်သာမက လေဆိပ်များပါ မကျန် အောင်ဝင်းခိုင်ကိုဖမ်းမိရေး  စိစစ်စစ်ဆေးနေကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
ဒုတိယအချက်အနေဖြင့် ဧပြီ၇ ရက်တွင် အောင်ဝင်းခိုင်မှာ မြန် မာနိုင်ငံအတွင်း မရှိနိုင်ဟု ယူဆရ ၍ အင်တာပိုနှင့် ချိတ်ဆက်ပြီး အနီရောင်အဆင့် ကြေညာချက် ထုတ်ခဲ့သည်။ ပြည်တွင်းရှိ ရဲတပ် ဖွဲ့ဝန်ထမ်း ရှစ်သောင်းကျော်ရှိပြီး လေဆိပ်နှင့် ထွက်ပေါက်ဂိတ် များကို ပိတ်ဆို့စစ်ဆေးသည်ဟု ပြောကြားထားသော်လည်း ပြည်ပ သို့ ထွက်ပြေးသွားသည်ဟု ယူဆ နိုင်စရာဖြစ်လာခဲ့သည်။

သို့သော် ဧပြီ ၁၀ ရက်တွင် တော့ အောင်ဝင်းခိုင်မှာ အာဆီယံ နိုင်ငံများတွင် မရှိကြောင်း အာဆီ ယံနိုင်ငံများက အကြောင်းကြား ထားသည်ဟု ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့သည်။ လက်ရှိအချိန် အထိ အောင်ဝင်းခိုင်၏ သတင်း အစအနကို ရရှိထားခြင်းမရှိဘဲ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦး ဇော်ဌေးကလည်း လက်ရှိ အောင် ဝင်းခိုင်နှင့်ပတ်သက်၍ 7Day News ဂျာနယ်၏ မေးမြန်းချက်ကို ဖြေကြားခြင်းမရှိပေ။

 တရားရုံးဘက်ကလည်း တ ရားလိုရှေ့နေ ဦးနေလက အောင် ဝင်းခိုင်အတွက် ဖမ်းဝရမ်းကို နေ ပြည်တော်အထိ တရားရုံးမှ ရှာဖွေ ဝရမ်းထုတ်ပေးရန် တောင်းဆိုခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးကလက် ရှိ ဝရမ်းနှင့်ပြည့်စုံပြီဆိုကာ ပယ်  ချခဲ့သည်။

ထို့ကြောင့် ဦးနေလက ‘‘ဝ ရမ်းတစ်ခုရှိပြီး နောက်ထပ်တိုး ဝရမ်းမထုတ်ရဘူးဆိုတဲ့ ဥပဒေရှိ ရင် အခု အမှုကို ပြန်ရုပ်သိမ်းပေး မယ်’’ဟု တရားရုံးတွင် စိန်ခေါ်ခဲ့ သည်အထိဖြစ်ခဲ့သည်။

ထို့နောက် ဦးနေလက တိုင်း တရားလွှတ်တော်အထိ အယူခံ တက်ခဲ့ပြီး နောက်ဆုံးအပြီးသတ် ကြားနာမှုကို ဧပြီ ၂၈ ရက်က ပြုလုပ်ခဲ့ပြီး တရားရုံးမှ အဆုံးအ ဖြတ်မချရသေးပေ။

လုပ်ကြံခံရသူ ဦးကိုနီ၏သမီး ဒေါက်တာယဉ်နွယ်ခိုင်က တရား ခံဖမ်းဆီးရေးအတွက် အမြန်ဆုံး လုပ်ဆောင်ပေးရန်နှင့် မှန်မှန်ကန် ကန်သာ လုပ်ဆောင်ပေးစေလို ကြောင်း လုပ်ကြံမှုအပြီး ရက် ၁၀၀ ပြည့်သည့်နေ့တွင် ပြောကြား ခဲ့သည်။

တရားလိုရှေ့နေ ဦးနေလက အောင်ဝင်းခိုင် ဖမ်းဆီးရေးအ တွက် လုပ်ဆောင်နေမှုများမှာ လိုအပ်ချက်များစွာရှိနေသည်ဟု မှတ်ချက်ပေးခဲ့သည်။

ဓာတ်ပုံ − ကျော်ဇင်သန်း

ရက် ၁၀၀ အတွင်း ဂယက်

လုပ်ကြံမှုအပြီး ရက် ၁၀၀ အတွင်းတွင် နောက်ဆက်တွဲဂ ယက်များလည်း ရှိခဲ့သည်။

တရားခံ ကြည်လင်းကို စ တင်ဖမ်းဆီးခဲ့စဉ်က ခိုင်းစေသူမှာ မြင့်ဆွေဖြစ်ကြောင်း ကြည်လင်း၏ ပြောကြားချက်ကြောင့် မြင့်ဆွေနာ မည်ရှိသည့် လူပေါင်း ၇၃ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည်ဟု အ ချက်အလက်များ တွေ့ရသည်။ ကြည်လင်း၏ကနဦးထွက်ဆိုချက် အပေါ် မူတည်၍ ရဲတပ်ဖွဲ့၏လုပ် ဆောင်မှုကြောင့် မြင့်ဆွေအမည်ရှိ သူများအတွက် စိုးရိမ်စရာဖြစ်ခဲ့ရ သည်။

  လုပ်ကြံမှုတရားစီရင်ရေး၊ တရားခံဖမ်းဆီးရေးနှင့် မဆိုင် သော ထင်ရှားသည့် ဂယက်တစ်ခု က ဆရာတော် ဦးဝီရသူတရားပွဲ ပိတ်ခံရသည့်တစ်ခုဖြစ်သည်။ ဦးဝီ ရသူက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ဒကာတော် ကြည်လင်း ကျန်းမာပါစေ အစရှိသော ရေး သားဖော်ပြချက်ကြောင့် မဟာ သံဃနာယကအဖွဲ့က ဦးဝီရသူ အား တရားဟောခွင့်တစ်နှစ် ပိတ် ပစ်ခဲ့သည်။

ထိုကိစ္စကြောင့်ပင် ဦးဝီရသူ နှင့် Myanmar Now မှ သတင်း ထောက်ကိုဆွေဝင်းတို့ အပြန်အ လှန် တရားစွဲဆိုခဲ့သည်အထိ ဖြစ် ခဲ့သည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများ မှာ လူငယ်သဘာဝအစွန်းရောက် မျိုးချစ်စိတ်ကြောင့် ကျူးလွန်ခြင်း ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောစကားတစ်ခွန်းဂယက် ကြီးခဲ့သည်။ ပြည်တွင်းရှိ လူငယ် အဖွဲ့များက ကန့်ကွက်စာထုတ် ပြန်သည်အထိဖြစ်ခဲ့ရသည်။

ရက် ၁၀၀ ပြည့်

လုပ်ကြံမှုဖြစ်စဉ်ရက် ၁၀၀ အတွင်း တရားစီရင်မှုများအနေ နှင့်တော့ အားပြိုင်မှုမှာ အရှိန် ကောင်းလာသည့် အနေအထား ဖြစ်သည်ဟု တရားသူကြီးဟောင်း ဦးမြတ်ငြိမ်းကျော်က သုံးသပ် သည်။ ထို့အပြင် ယခုအမှုမှာ ပြည်သူလူထုကိုသာမက တရား ရေးမဏ္ဍိုင်အတွက်ပါ အရေးကြီး သော ဆုံးဖြတ်ချက်ဖြစ်သည့်အ လျောက် အားလုံးက ဖြောင့်မတ် မှန်ကန်ရေးအတွက် စောင့်ကြည့် ဖို့လိုကြောင်း တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က သုံးသပ်သည်။ ကြိုးကိုင်တရားခံ ဖြစ်သည့် အောင်ဝင်းခိုင်ကို ဖမ်း ဆီးဖို့ ခဲယဉ်းနေခြင်းကတော့မဖြစ် သင့်ဟု ဦးနေဝင်း၏ဇနီး မချောစု နိုင်က ဆိုသည်။ ပြည်သူများ၏ တရားဥပဒေစိုးမိုးရေးကို ခြိမ်း ခြောက်ခဲ့သော အမှုဖြစ်သည့်အ လျောက် နောက်ကွယ်မှ တရားခံ ဖမ်းဆီးရေးနှင့် တရားစီရင်ရေးတို့ မှာ ပြည်သူသဘောကျဖြစ်ရန် လည်း မျှော်လင့်နေသည်။


7Day News Journal

No comments:

Post a Comment