Latest News

Sunday, May 21, 2017

သာမာန် ကျမ်းမာရေး ဆေးစစ်ဆေးခြင်း(၃)



"ဟဲ့သားတို့ သားအဖ မထကြသေးဘူးလား။ လာမုန့်ဟင်းခါးတွေ ဝယ်လာတယ်။ ပူပူလေး စားလိုက်ကြဦး"
"အလို မေမေဒီနေ့ ဆေးရုံမနက်စာ လာပို့တာ စောလှပါလား"
"အေးဟုတ်တယ် သားရဲ့။ မနေ့ညက အိမ်ပြန်နောက်ကျတာနဲ့ မနက်စာ မစီစဉ်နိုင်တော့ဘူး။
ဒါနဲ့ပဲ စောစော မုန့်ဟင်းခါးပဲ ဝယ်လာလိုက်တော့တယ်။ ပြီးတော့ မနေ့က ဆက်မယ်ပြောထားတဲ့ ဆီးချိုဆေးစစ်တာလေးလဲ ကြားချင်တာနဲ့ပါကွယ်"
“ဟုတ်ကဲ့ပါမေမေ။ မနေ့ထဲက ပြောလာတဲ့ သွေး၊ ဆီး တွေစစ်တဲ့ အခါ ဆီးချို အသည်း နဲ့ ကျောက်ကပ် အခြေအနေတွေလည်း သိနိုင်ပါတယ်။ တစ်ချို့ဌာနတွေကတော့ သာမာန်ဆေးစစ်တဲ့ အခါမှာ တစ်လက်စတည်း သလိပ်၊ ၀မ်း ကိုပါ ထည့်စစ်ပေမဲ့ ဒီတစ်ခေါက်ကတော့ သွေး၊ ဆီးစစ်လို့ ထွက်လာတဲ့အဖြေရဲ့ ဝေါ်ဟာရတွေကိုပဲ အဓိက ထားပြောပြပါ့မယ်”
“အေးကောင်းတယ်။ ကိုယ်နဲ့ဆိုင်တော့ သိချင်တာပေါ့”

“ဟုတ်ပါတယ်မေမေ။ မေမေလို ရောဂါဝေဒနာရှင်တောင်မှ ကိုယ်နဲ့ဆိုင်တာပဲသိချင်တယ်ဆိုတော့၊ ကျမ်းမာနေတဲ့သူ၊ ကိုယ့်ကိုယ်ကို ကျမ်းမေနေတယ်လို့ ထင်နေသူတွေဆို ပိုတောင် စိတ်မ၀င်စားဘူး။ ဒါပေမဲ့ သားကတော့ ကိုယ်ရည်ရွယ်ချက်နဲ့ကို ရသလောက် တော့ ပြောသွားမှာပဲ”
“သာဓုပါကွယ်၊ သာဓုပါ”
“ဆီးချိုရှိမရှိကို စစ်ဆေးရာမှာ တစ်ခုအပါဖြစ်တာက ဆီထဲမှာ သကြားဓါတ် ပါမပါ ဆိုတဲ့ sugar metabolismအချက်ပါပဲ။

Urine Sugar: Urinary Sugar ဆိုတဲ့ ဓါတ်ကို ဆီးထဲမှာ တွေ့ပြီဆိုရင်တော့
(သင်္ကေတ ကတော့ (-) အနှတ် လက္ခဏာပေါ့) ဆီးချို ဒါမှမဟုတ် ပန်ကရိယ ဒါမှမဟုတ် သိုင်းရွက်မှာ တစ်ခုခုတော့ ပြဿနာရှိပြီလို့ ကောက်ချက်ချလို့ ရပါတယ်”
“အေးဒါတော့ ဟုတ်မယ်ထင်တယ်။ ဆီးချိုရှိတဲ့သူရဲ့ ဆီးတွေကို ပရွက်ဆိပ်တွေ အုံတယ်တဲ့”
“သား သေသေချာချာ မသိပေမဲ့ ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်။ ဒါပေမဲ့ ဆရာဝန်ကြီးတွေက ဒီတစ်ခုထဲနဲ့တော့ ဆီးချိုလို့ မပြောသေးပါဘူး။ အခု သားပြောမဲ့ အကြောင်းအရာတွေကို ထပ်စစ်ကြပါသေးတယ်။ အဲ့တာကတော့ အစာအိမ်ထဲမှာ အစာမရှိခိုက်မှာ စစ်လိုက်တဲ့ သွေး  ၁dLအထဲမှာFBS / FBG ဆိုတဲ့ ကိန်းက ၈၀ (တစ်ချိုကကတော့ ၇၀ mgလို့ ပြောပါတယ်) ကနေ ၁၁၀ mg မှာ ရှိမရှိ စစ်ပါတယ်။ မရှိဘူးဆိုရင် တစ်ချို့ ဆရာဝန်ကြီးတွေက သကြားရည်တစ်မျိုးကို သပ်မှတ်ထားတဲ့ ပမာဏ အထိ ပေးတိုက်ပြီး ၂နာရီအကြာမှာ သွေးထပ်ဖေါက်ကြည့်ပါတယ်။ တစ်ကယ်လို့ ၂၀၀ကျော်သွားရင်တော့ ဆီးချိုဝေဒနာရှင်လို့ သပ်မှတ်တော့တာပါပဲ။ ဒီကိန်းဂဏန်းထက် ပိုပြီး ပြောနိုင်တဲ့ အရာတစ်ခုကတော့…..
HbA1c ဆိုတဲ့ ဟေမိုဂလိုဘင်နဲ့ဆိုင်တဲ့ အချက်အလက်တစ်ခုပါပဲ။

သွေးချိုပမာဏက သွေးဖေါက်တဲ့အချိန်မှာ စားထားတဲ့ အစားအစာအပေါ်မှာ လိုက်ပြီးပြောင်းလဲနိုင်ပေမဲ့ ဒီ HbA1c ကတော့ သွေးထဲမှာ ရက်ပေါင်း ၁၂၀လောက်ရှိနေတတ်လို့ အချိန်အကြာကြီးထဲက ဆီးချိုဖြစ်နေတယ်လို့ ပိုပြီး သိနိုင်၊ ပြောနိုင်ပါတယ်။ နိုင်ငံတစ်ကာက ၆%အောက်ရှိရမယ်လို့ သပ်မှတ်ထားပေမဲ့ ဂျပန်ကတော့ ၅.၆%အောက်ရှိရမယ်၊ အဲ့တာကိုကျော်တာနဲ့ ဆီးချိုရောဂါ ရှိနေပြီလို့ သပ်မှတ်ကြပါတယ်”
“အေး အဲ့သည့်တိုင်းပြည်ကတော့ တစ်ကယ်ကို ကျမ်းမာရေး လိုက်စားတဲ့ တိုင်းပြည်ပဲ။ ဖေဖေတို့သွားတုံးကလည်း နည်းနည်းလေး အအေးမိချင်သလို ဖြစ်တာနဲ့ ချက်ခြင်း နှာခေါင်းတွေအုပ်စေတယ်။ သူတို့ကြတော့လည်း လူတိုင်းလိုလို မာစ်မျက်နှာဖုံးတွေ သုံးကြသဗျား”
“ဟုတ်တယ်ဖေဖေ။ သူတို့က ကျွန်းနိုင်ငံလေးဖြစ်တာရယ်။ နဂိုထဲက ဒီလိုကူးဆက်မှူတွေကို ကြောက်လန့်တာမို့ ကျမ်းမာရေးကို သူများတိုင်ပြည်တွေထက် ဂရုပြုတာကတော့ အမှန်ပါပဲ။ အခုဆက်ပြောမှာကတော့ ဂေါက်ရောဂါသမားတွေ အတွက် အရေးပါတဲ့ အချက်ပါ။

ယူရစ်အက်ဆစ်ဓါတ် Uric Acid metabolism တွေများပြားခြင်းပေါ့။ ဆလ်တွေက ပူရင်းဆိုတဲ့ အဏုမြူကလေးက အိုမင်းပျက်စီးလာလို့ ဖြစ်တာလို့ ကြားဘူးပါတယ်။ သူက သွေးထဲမှာ ရှိသင့်တာကို ကျော်လာပြီဆိုရင် ခြေလက် အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ ဂေါက်ရောဂါ ဖြစ်နေပြီ။ ဖြစ်နိုင်ပြီလို့ ဆိုနိုင်ပါတယ်”
“ဘာကိုကြည့်ပြီး ပြောတာလဲသားရဲ့”
“အမျိုးသားနဲ့ အမျိုးသမီး အနည်းငယ် ကွာခြားပါတယ်။ သွေး  ၁dLအထဲမှာ အမျိုးသားဆို ကိန်းက ၃.၅ ကနေ ၇။ အမျိုးသမီးဆို ၂.၅ ကနေ ၆ mg အတွင်းမှာ မရှိပဲ ကျော်နေရင်တော့ သတိထားရပါတော့မယ်။ အစားအသောက်ကို ဆင်ခြင်ရတော့မှာပေါ့”
“အခုဆက်ပြောမှာက သွေးထဲကပြောတဲ့ အသည်းနဲ့ ပါတ်သက်တာပါ။

ဖေဖေရုပ်ရှင်ဇတ်ကားအမည် စကားပြောသော အသည်းနှလုံး မဟုတ်၊ သွေးကပြောသော အသည်းနှလုံးပေါ့”
“ဟားဟားဟား သားကတော့ ပြောရော့မယ်”
“စုစုပေါင်း ပရိုတင်း To: Total proteinတွေ သွေးထဲမှာ များနေတဲ့အခါ
အသည်းရောင်နေတယ်၊ အသည်းမာလာတယ်လို့ ပြောနိုင်သလို၊ နည်းနေတဲ့ အခါမှာတော အဟာရဓါတ်ချို့တဲ့လို့လား၊ ဒါမှမဟုတ် အသည်းက သိပ်ကို အသည်းအသန်ဖြစ်နေတယ်လို့ သံသယတွေ ၀င်နိုင်တယ်ဖေဖေ”
“သိပ်များတယ်၊ နည်းတယ်ဆိုတာက ဘာလဲသား”
“ဒီလိုပါဖေဖေ သွေး  ၁dLအထဲမှာ ၆.၅ ကနေ ၈ g အတွင်းမှာ မရှိတာကို ဆိုလိုတာပါ။ တစ်လက်စတည်း အသည်းနဲ့သည်းခြေတွေ ပျက်စီးယို့ယွင်းနေတာကို ဆီးထဲကနေ သိနိုင်တာလည်းရှိပါတယ်။ ဒါပေမဲ့ နာမည်ကနည်းနည်းတော့ ခေါ်ရခက်တယ်”
“ရပါတယ်ကွယ်။ တို့ကနာမည်က အဓိကမဟုတ်။ ဘာတွေတုံးဆိုတာကို အကြမ်းပြင်း သိထားရင် တော်ပါပြီကွယ်”
“ဟုတ်ကဲ့။ ဆီထဲကနေလည်း သိနိုင်တဲ့ အရာကတော့ ယူရီဗီလိုနိုဂျင် ပါ”

“အေး မင်းနာမည်ကလည်း ခေါ်ရတော့ ခက်သား”
“Urine Urobilinogen ဆိုတာဟာ သာမာန် ကျမ်းမာရေးနဲ့ ပြည်စုံနေသူတွေရဲ့ ဆီးထဲမှာ လျှံထွက်လာခြင်း မရှိပေမဲ့၊ ရုတ်တစ်ရက် အသည်းတွေယောင်နေသူတွေရဲ့ ဆီးထဲမှာ တွေ့နိုင်ပါတယ်”
“အင်း…. လျှံထွက်လာတယ်ဆိုတော့ အဲ့သည့်မတိုင်ခင်ထဲက ဖြစ်နေဖို့များတယ်နော်”
“ဟုတ်တယ်ဖေဖေ။ ဒါကြောင့် မြန်မြန်ဆေးစစ်တာက ကောင်းတယ်လို့ သားကပြောတာပေါ့။ အဲ့သလို လျှံထွက်လာလို့ သိနိုင်တာ တစ်ခုလည်း ရှိသေးတယ်။ ဒါပေမဲ့ သူကတော့ သွေးစစ်မှ သိနိုင်တာမို့ ဖေဖေက နည်းနည်းတော့ ကျောချမ်းလိမ့်မယ်နဲ့တူတယ်”
“သားရှင်းပြထားတာလေးတွေ ကြားပြီးထဲက နာပေမဲ့၊ အညိုအမဲ စွဲပေမဲ့ လုပ်သင့်တယ်လို ယူဆထားပါပြီကွယ်”

“ကောင်းလိုက်တာဖေဖေ။ နောက်တစ်ခုကတော့
သည်းခြေနီ လို့ပြောရမလား၊ လိမ္မောနီရောင် ပုံဆောင်ခဲ ဒါမှမဟုတ် အမှုန်ကနေပြီး သည်းခြေယောင်တာ၊ မာတာ၊ ကင်ဆာနဲ့ သည်းခြေကျောက်၊ သည်ခြေယောင်၊ ကင်ဆာတွေကိုလည်း သိနိုင်သတဲ့။
T bil:  Total bilirubinဆိုတဲ့ သင်္ကေတနဲ့ ဖေါ်ပြသတဲ့။ သွေး  ၁dLအထဲမှာ ၀.၃ ကနေ ၁.၂ mg ရှိသင့်တယ်လို့ ဆိုပါတယ်။ တစ်လက်စထဲ အသည်းနဲ့ ပါတ်သက်တာလေးတွေကို အမည်ကလေး ကြားဘူးအောင်လို့ လွယ်လွယ်ကလေး ရပြောပြပါ့မယ်။ သိပ်များသွားရင် ရှုပ်ကုန်မှာစိုးလို့”
“အေးကောင်းတယ် သား။ ကြားဖူးနားဝ သဘောလေးပေါ့”
“ဟုတ်ကဲ့ပါဖေဖေ။ အသည်းရဲ့ အခြေအနေတွေကို သွေးထဲကနေ သိနိုင်တာတွေကတော့……
ZTT: Serum colloidal reaction
(၃ ကနေ ၄ အတွင်း)
AST(Aspartate transaminase) / GOT(Glutamic Oxaloacetic Transaminase)
(၁၀ ကနေ ၃၄အတွင်း)
ALT(Glutamic Pyruvic Transaminase) / GPT(Glutamic Pyruvic Transaminase)
(၅ ကနေ ၄၆အတွင်း)
y-GTP(y-glutamyltransferase)

(အမျိုးသမီး ၅ ကနေ ၂၄။ အမျိုးသား ၈ ကနေ ၆၁)
တွေပါပဲ”
“တို့ဆေးစစ်လို့ အဲ့သည့်အမည်တွေကို တွေရင် နည်းနည်းတော့ အဓိပွါယ်သိနိုင်ပြီပေါ့ကွယ်”
"ဟုတ်ပါတယ်မေမေ။ တစ်ခါတစ်ခါမှ ဒီ့ထက်ပိုပြီး သိနိုင်သလို၊ တစ်ခါတစ်ခါကြတော့ ဒီအထိလည်း မရှာဖွေကြတဲ့ ဆေးစစ်ဌာနတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဆေးသွားစစ်လို့ ရလာတဲ့ ဆေးစစ်ချက်ကလေးကို အခွင့်သင့်ရင် တိုက်ကြည့်ပြီး ကိုယ်ကိုယ်တိုင်က ရှောင်သင့်တာလေးတွေ သိထားတော့ ကောင်းမယ်ထင်လို့ သားက ပြောပြတာပါ။ ကျန်တာကတော့ ဆရာဝန်ကြီးတွေ ညွှန်ကြားတာကို တိတိကျကျ လိုက်နာဖို့ပါပဲ"
"အေးဒါပေါ့ကွာ။ ဒါမှလည်း သမားတော်ကြီးတွေခမျာ ကုသရကျိုးနပ်မယ်။ ကိုယ်လည်း ငွေကုန်၊ လူပင်ပန်းရကျိုး နပ်တော့မပေါ့"
“ဖေဖေကြတော့ အညိုအမဲတွေ ကျန်ရကျိုးနပ်တယ်လို့ ပြောရမယ် ထင်ပါတယ်”
“အေးဟုတ်တယ် သားရေ။ ကဲကဲ။ မုန့်ဟင်းခါး စားကြစို့”
 “ဟုတ်ကဲ့ပါ မေမေ”

သုခ(သား)

No comments:

Post a Comment