Tuesday, May 9, 2017
လူကြီးတွေကြိုဆိုဖို့ အတွက်ကျောင်းသားလူငယ်တွေကို နေပူထဲရပ်မစောင့်ခိုင်းပါနဲ့ 
မှတ်မှတ်ရရ ကျွန်တော်တို့  ကျောင်းသားဘ၀တုန်းက သာပေါင်း စက္ကူစက်ရုံ ဖွင့်တော့ ဗိုလ်ချုပ်စိုးဝင်းလာ
တယ်။
သူလာမှာကြောင့် ကျောင်းသားတွေကကြိုဆိုရမယ်လို့ ဆရာမတွေကပြောတယ်.။မနက်အစောကြီးထ သေသေသပ်သပ်ဝတ်ပြီးကျောင်းလာဖို့ ဆရာမတွေကမှာတယ်။
သူလာပြီဆိုရင် "မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး ကျေးဇူးတင်ပါတယ် ဘဘဗိုလ်ချုပ်ကြီး" လို့  ပြောဖို့ 
ဆရာမတွေက သင်ပေးတယ် အဲ့ တုန်းကတစ်ခါကြိုဖူးတယ်။
နောက်တော့ ဒီမိုကရေစီ လိုကြွေးကြော်လာတဲ့  သမ္မတဦးသိန်းစိန် လက်ထက် မှာ သတင်းတွေလိုက်ယူတော့ ကလေးတွေ နေပူထဲ မှာအစောကြီးတည်းက ရပ်နေရတာသတိပြုမိတော့ ငယ်ငယ်က ဘာမသိညာမသိနဲ့  "မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး"ဆိုပြီး ကျေးဇူးစွတ်တင်ခဲ့ မိတာလည်းသတိရတယ်။
စောင့်နေရတဲ့ ကလေးတွေမျက်နှာကိုကြည့်ရင် မအီမသာ မကြည်မလင်ဖြစ်နေတာက သိသာတယ်။
ရောက်မယ့်အချိန်ထက် နှစ်နာရီ သုံးနာရီလောက်ကြိုစောင့်နေရတယ်လို့ သူတို့ ကပြောတယ်။
ကလေးတွေနေပူထဲရပ်ကြိုစောင့်နေရတဲ့ အခြေနေတွေက ထပ်ခါထပ်ခါ ဆုံလာတော့ အရင်အစိုးရ
လက်ထက်တုန်းက ပြန်ကြားရေးဝန်ကြီးနဲ့  ပွဲတစ်ပွဲမှာဆုံတော့ အလွတ်သဘောပြောလိုက်သေးတယ်။
"အန်ကယ်ရယ် ဒီကလေးတွေ သမ္မတ လာမှာကိုနေပူထဲ အချိန်တွေအများကြီးကြိုစောင့်နေရတယ်။ သူတို့ မှာ မသက်မသာနဲ့  ဒီလိုမျိုး တွေက မရှိသင့်တော့ဘူး ဒါဟာ ကလေးတွေ အခွင့်ရေးလည်းထိခိုက် တယ်"ဆိုတော့ အေးဗျ နောင်တော့ ဒီအခြေနေတွေလည်း သက်ဆိုင်ရာတွေ ပြောပြမယ်ဆိုပြီးပြောခဲ့ 
တယ်။
သို့ သော်လည်း နောက်ပိုင်းလည်းထိုနည်းလည်းကောင်းပါပဲ ။
ဒီလိုမျိုးကျောင်းသားလေးတွေကြိုဆိုရေးနဲ့ ပတ်သတ်ပြီး န.၀.တ ခေတ်က မြောင်းမြက မူလတန်းဆရာတစ်ယောက် နဲ့ပညာရေးအကြီးအကဲတို့ ပြဿနာတစ်ခုရှိခဲ့ ဖူးတယ် ။
အကြောင်းက နာမည်ကြိးတဲ့  ဗိုလ်ချုပ်တစ်ယောက်လာမှာကိုကြိုဆိုဖို့  သူ့ ကျောင်းက ကလေးတွေ
တောင်းတော့ ကျွန်တော် မပေးနိုင်ဘူးဘာလို့ လဲဆို ပညာရေးနဲ့ လည်းမဆိုင်ဘူး ပြီးတော့ ကလေးတွေကို နေပူထဲ ဒုက္ခခံခိုင်းသလိုပဲ စာသင်ချိန်လည်း ပျက်တယ် ဒါ့ကြောင့်ကျွန်တော် မပေးနိုင်ဘူးလို့ ပြောလို့  အာဏာဖီဆန်တယ်ဆိုပြီး အဲသည့်ကျောင်းဆရာကို ပြဿနာရှာခဲ့ ဖူးတယ်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။
န.၀.တ ခေတ်တုန်းက ၁၀နာရီရောက်မယ်ဆို တ.၀.တ ကို ဖုန်းဆက်တယ်။
ကိုးနာရီ အဆင့်သင့်လုပ်ထားပါ။တ.၀.တ က တစ်ခါ ဖုန်းဆက်တယ် ခ.၀.တ ကို ရှစ်နာရီ အဆင်သင့် လုပ်ထားပါ။ခ.၀.တ က တစ်ခါ မ.၀.တ ကို ဖုန်းဆက်တယ် ခုနစ်နာရီ အဆင်သင့် လုပ်ထားပါ။.မ.၀.တကလည်း အောက်ခြေကို ခြောက်နာရီ အရောက်ဆိုပြီးခေါ်လိုက်တယ် ရောက်မှာက ဆယ်နာရီ ဒီက ကလေးတွေက စောင့်ရတာက ခြောက်နာရီလောက်တည်းကဆိုတော့ ။ဒီကလေးတွေ သေပြီပေါ့။
ဒီနေ့ လည်း မွန်ပြည်နယ်က နာမည်ကြီးတဲ့  ဗိုလ်ချုပ်အောင်ဆန်းတံတား ဖွင့်ပွဲလုပ်တယ် ပြည်သူ့ လွတ်တော် ဥက္ကဌနဲ့  ၀န်ကြီးချုပ်တွေတက်တယ်။
အဲတော့ သူတို့ မရောက်ခင် တံတားပေါ်မှာ ကျောင်းသားလေးတွေ ကြိုစောင့်နေကြတယ်။ ကျွန်တော် ကျောင်းသား /ကျောင်းသူ စုစုပေါင်းခြောက်ရောက်ကို မေးလိုက်တယ်။
" သားတို့  သမီးတို့  စောင့်နေရတာမညောင်းဘူးလား"ဆိုတော့" ညောင်းတယ် "တဲ့ ။
ခြောက်နာရီလောက်တည်းက စောင့်နေရတာတဲ့  ။
သူတို့ ကတော့ နေပူထဲ ရပ်စောင့်နေတာ မဟုတ်ပေမဲ့  တံတားပေါ် က ဘေးတန်းလေးတွေမှာ
ထိုင်စောင့်နေကြတာ ။
ဖွင့်ပွဲဆိုပြီး ရှစ်နာရီလေးဆယ့်ငါးလောက်မှာစည်စည်ကားကားနဲ့ ခန့်ခန့်ညားညားကြီးတာဝန်ရှိသူတွေ
ဖဲကြိုးဖြတ်သွားတယ် ……………
ကလေးတွေက မြန်မာနိင်ငံတော် အလံလေးတွေကိုင်ပြီးတစ်ဖြတ်ဖြတ်နဲ့ လုပ်ပြရတယ်….
ဆိုတော့ တွေးမိတာက လူကြီးတွေ တာဝန်ရှိသူ အကြီးအကဲတွေလာရင်ကျောင်းသားလေးတွေ
ကကြိုဆိုဖို့ ကို နေပူထဲမှာ ကြိုစောင့်နေရတုန်းပါပဲဆိုတာပါ။
မျိုးမင်းပိုင်
လူကြီးတွေကြိုဆိုဖို့ အတွက်ကျောင်းသားလူငယ်တွေကို နေပူထဲရပ်မစောင့်ခိုင်းပါနဲ့ 
Reviewed by timeayeyar
on
4:59 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment