Saturday, May 20, 2017
တောင်စုကျေးရွာတွင် ပြောင်ဟု ယူဆရသည့် တောကောင်တစ်ကောင် ဝင်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ဖရေကုန်းကျေးရွာအုပ်စု၊ တောင်စုကျေးရွာမှာ မေ(၂၀)ရက် နံနက်(၆)နာရီက ပြောင်လို့ ယူဆရတဲ့ တောကောင်(၁)ကောင် ဝင်ရောက်သောင်းကြမ်းတယ်လို့ သိရပါတယ်။ အဲဒီတောကောင်သောင်းကြမ်းတာကြောင့်(၁၀)တန်း တက်မယ့်ကျောင်းသား(၁)ဦး ဒဏ်ရာရရှိပြီး စိုးရိမ်ရတဲ့ အခြေအနေ မရှိပေမယ့် ရေကြည်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
အဲဒီတောကောင်ဟာ အရပ်အမြင့် (၇)ပေ၊ အလျား(၈)ပေ၊ လုံးပတ်(၉)ပေခန့်ရှိပြီး အဲဒီတောကောင်ကို တောထဲပြန်လည် ထွက်ခွာသွားစေဖို့ ရွာသား တွေက ခြောက်လန့်ရာက တောကောင်သေဆုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲဒီသတင်းကိုကြားသိတဲ့ သစ်တောဌာနက တာဝန်ရှိသူတွေက တောင်စုကျေးရွာကို ရောက်ရှိ စစ်ဆေးခဲ့ပြီး အဲဒီတောကောင်ကို မီးရှို့ဖျက်စီးစေခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို မင်းဇော်ဦး(ရေကြည်)က ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
တောင်စုကျေးရွာတွင် ပြောင်ဟု ယူဆရသည့် တောကောင်တစ်ကောင် ဝင်ရောက်
Reviewed by timeayeyar
on
5:23 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment