Latest News

Sunday, May 21, 2017

ဘုရင့်နောင်ဈေးနှင့်ကုန်စည်ဒိုင်ကို ဝါးတရာစက်မှုဇုန်အနီးသို့ ပြောင်းရွှေ့ရန် စီစဉ်

ဘုရင့်နောင်ဈေးနှင့်ကုန်စည်ဒိုင်ကို ဝါးတရာစက်မှုဇုန်အနီးသို့
ပြောင်းရွှေ့ရန် စီစဉ်

ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန် ဘုရင့်နောင်ဈေးနှင့် ကုန်စည်ဒိုင်ကို ဝါးတရာစက်မှုဇုန် အနီးသို့ ယခုနှစ်အတွင်း ပြောင်း ရွှေ့မည်ဟု ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက မေလ ၂၀ ရက်တွင် ပြောကြားကြောင်း သ တင်းရရှိသည်။

လက်ရှိဘုရင့်နောင်ဈေးနှင့် ကုန်စည်ဒိုင်ဖွင့်လှစ်ထားသည့်နေ ရာသည် တပ်မတော်ပိုင်မြေနေရာ ဖြစ်နေခြင်း၊ ယာဉ်ကြောပိတ်ဆို့ မှု  များလည်း မကြာခဏဖြစ်ပေါ်နေ ခြင်းတို့ကြောင့် ပြောင်းရွှေ့ရခြင်း ဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြော ကြားကြောင်း သိရသည်။


မေလ ၂၀ ရက်တွင် မြန်မာ နိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ရုံး၌ ပြုလုပ်သော ဒုတိယသမ္မတ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဘုရင့် နောင်ကုန်စည်ဒိုင်များနှင့် ဈေးနေ ရာကို ရွှေ့ပြောင်းမည်ဟု ပြောကြားကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးရဲမင်းအောင်ကဆိုသည်။

ဘုရင့်နောင်ဈေးနှင့် ကုန် စည်ဒိုင်ကို ဝါးတရာစက်မှုဇုန်အနီးသို့ ပြောင်းရွှေ့မည်ဆိုပါက  လက်ရှိနေရာထက် တစ်နာရီ ကျော် ပိုမိုသွားရောက်ရမည်ဖြစ် သောကြောင့် ကုန်ပစ္စည်းများ ပို့ ဆောင်ရေးတွင် အပိုကုန်ကျစ ရိတ်များရှိလာခြင်း၊ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် လုပ်ကိုင်နေ သည့် အလုပ်သမားများ အခက် အခဲများ ဖြစ်လာနိုင်သည်ဟု ဆန် ကုန်သည် ဦးနေလင်းဇင်က ပြော သည်။ ဘုရင့်နောင်ကုန်စည်ဒိုင် ငှားရမ်းထားခြင်းသည် ဂရန်သက် တမ်းသည် ၂၅ နှစ်ဖြစ်ပြီး လက်ရှိ အချိန်တွင် ဂရန်သက်တမ်း ပြည့် ပြီဖြစ်သောကြောင့် ပြောင်းရွှေ့ရ ခြင်းဖြစ်သည်ဟု ဘုရင့်နောင်ကုန် စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုပြောင်းရွှေ့မည့် ဝါးတ ရာစက်မှုဇုန်အနီးနေရာသည် ရန် ကုန်မြို့နှင့် အလှမ်းကွာဝေးခြင်း၊ မော်တော်ယာဉ်ကြီးများ သွားလာ ရန် ကားလမ်းများပြုပြင်ရန် လို အပ်နေခြင်း စသည့် အခက်အခဲ များရှိသည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က အကြံပြုသည်။

ရန်ကုန်မြို့တွင် ဘုရင့်နောင် ဈေးနှင့် ကုန်စည်ဒိုင်များကို ၁၉၉၀  ဝန်းကျင်တွင် တပ်မတော်ပိုင်မြေ ၌ စတင်အကောင်အထည်ဖော်ခဲ့ သည်။

ယခင်ကမ်းနားလမ်းရှိ ကုန် စည်ဂိုဒေါင်များကို အဆိုပါဘုရင့် နောင်ဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်ဟု စီးပွားရေး လုပ် ငန်းရှင်အချို့က ပြောသည်။

7Day News

No comments:

Post a Comment