မင်္ဂလာဈေးအဆောက်အအုံသစ် နိုဝင်ဘာလ ၁ ရက်နေ့ စတင်ဆောက်မည်
ရန်ကုန်၊ မေ ၁၈ - မီးလောင်ကျွမ်းခဲ့ရ တဲ့ ရန်ကုန် မင်္ဂလာဈေးအဆောက် အအုံနေရာမှာ အဆောက်အအုံသစ် ဒီဇိုင်းအသစ်နဲ့ သည်နှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်တည်ဆောက်မယ်လို့ သည်နေ့ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။
သည်နေ့သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့တော်စည်ပင် သာ ယာရေးကော်မတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဒီဇိုင်းတင်ဒါ ရွေးချယ်ခံရတဲ့ ဒီဇိုင်းကုမဏီနဲ့ ဈေးသူဈေးသားတွေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
မင်္ဂလာဈေးအဆောက်အအုံ ကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ဆောက်လုပ်မှာပါ။အဆောက်အ အုံနဲ့ပတ်သက်တဲ့ တင်ဒါတွေ ခေါ်ယူဖို့ ပြင်ဆင်နေဆဲဖြစ်ပါတယ်။
ဆောက်လုပ်ပြီးစီးရင် မူလ ဆိုင်ခန်းပိုင်ရှင်တွေကို နေရာမပြောင်းဘဲ အရင်အတိုင်းသာ နေရာချထားပေးမယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ပြောပါတယ်။
အ သစ် ပြန် လည် တည် ဆောက်မယ့် မင်္ဂလာဈေးအ ဆောက်အအုံက မြေညီထပ် ၈၄၉ ခန်း၊ ပထမထပ် ၇၉၁ ခန်း၊ ဒုတိယထပ် ၇၉၁ ခန်း၊ တတိယထပ် ၇၉၁ ခန်း၊ စတုတ္ထထပ် ၇၉၇ ခန်းနဲ့ အပေါ်ဆုံးထပ်မှာ စားသောက်ခန်း ၄၈ ခန်း ပါဝင်မှာ ဖြစ်ပါတယ်။
မြေညီထပ်ရဲ့ အောက်ထပ်မှာ ကားပါကင်နှစ်ထပ်ပါဝင်တဲ့အပြင် ပန်းဥယျာဉ်တွေနဲ့ အထပ်တိုင်းမှာ လည်း ကုန်တင်ကုန်ချလုပ်ဖို့ ကား ပါကင်ပါဝင်မှာဖြစ်ပါတယ်။ ကားပါကင်တွေအားလုံးမှာ ကားအစီးရေ ၆၇၆ စီး ဆံ့မှာဖြစ်ပါတယ်။
မီးသတ်ဦးစီးဌာနကလည်း လာရောက်စစ်ဆေးမှာဖြစ်ပြီး ပြည်ပ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့အစည်းကလည်း အထပ်တိုင်းကို စစ်ဆေးမယ်လို့ သိရပါတယ်။
အသစ်ပြန်လည် တည် ဆောက်မယ့် မင်္ဂလာဈေးအတွက် ဒီဇိုင်းပုံစံကို လွှတ်တော်ကနေ ရွေးချယ်ထားပေးတဲ့ ဒီဇိုင်းကုမဏီတွေထဲက AMENITY Design Group ကို ရွေးချယ်ထားပါတယ်။
သည်ဈေးမှာ ဓာတ်လှေကား တွေ၊ စက်လှေကားတွေ လူလျှောက်လမ်းတွေ ပစ္စည်းအတင် အချနေရာတွေ ပါဝင်တဲ့အပြင် ဆိုင်ခန်းနေရာကလည်း အရင်ကထက် အနည်းငယ်ပိုကျယ် အောင် တည်ဆောက်မယ်လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ မင်္ဂလာဈေး ဈေးရုံ ကော်မရှင်တွေက ဆိုပါတယ်။
ဆောက်လုပ်မယ့် ဒီဇိုင်း၊ ကားပါကင်စနစ်နဲ့ ရွေးချယ်တဲ့ ကုမဏီတွေကို ဈေးသူဈေးသားတွေက ကျေနပ်ပေမဲ့ ကားပါကင်နဲ့ မြေညီ ထပ်ကြားမှာရှိတဲ့ အထပ် တစ် ထပ်ထည့်သွင်းထားတာကို လက်မခံကြပါဘူး။
ဆွေးနွေးပွဲကို တက်ရောက်ခဲ့ တဲ့ မင်္ဂလာဈေး ဈေးရုံကော်မရှင် အဖွဲ့က ဦးတင်ဝင်း က ‘နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ဆုံး ဒီဇိုင်း ဖြစ်တဲ့အတွက် ကျေနပ်တယ်၊ မြေညီ ၈၄၉ ခန်းရဲ့ အောက်ထပ်မှာ ကားပါကင်နှစ်ထပ်ပါတယ် ပြောတယ်၊ ဒါပဲသိတယ်၊ ဒီမြေညီထပ်ရဲ့ အောက်ထပ်မှာ လူသုံးကုန် ပစ္စည်းရောင်းတဲ့ ဘယ်အလွှာကိုမှ လက်မခံဘူး၊ ကားပါကင်တစ်ခုပဲ လက်ခံတယ်” လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဈေးသူဈေးသားတွေ နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီတို့ ကြားမှာ နား လည်မှုလွဲတာဖြစ်ပြီး နှစ်ဖက်ပြေ လည်အောင် တွေ့ဆုံဆွေးနွေးဖို့ မေးမြန်းမယ်လို့ ဆိုပါတယ်။
ရွေးချယ်ခံထားရတဲ့ AME-NITY Design Group က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တည်ဆောက်ဖို့ အဆောက်အအုံ ဒီဇိုင်းပိုင်းရွေးချယ်ခံထားရတဲ့ ကုမဏီဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ကွန်ဒိုတိုက်ခန်းတည်ဆောက်မှုအပိုင်း တွေမှာ ဒီဇိုင်းပိုင်းကိုသာ အဓိက ထား ရေးဆွဲပေးတယ်လို့ သိရပါတယ်။
Author မေသော်တာမောင်
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment