Latest News

Tuesday, May 9, 2017

ပရိသတ်အတွက် စာလွှာပါးလိုက်တဲ့ ရဲတိုက်


ပရိသတ်အတွက် စာလွှာပါးလိုက်တဲ့ ရဲတိုက်


အားလုံးကို လွမ်းတတ်ခဲ့ပြီလို့ ဆိုပါတယ်။

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ သရုပ်ဆောင် ရဲတိုက်ကတော့ ပရိသတ်တွေ အတွက်  စာတိုတစ်စောင်ပါးလိုက်ပါတယ်။

သူ့ကို စင်တင်ခဲ့တဲ့ ဆာတိုရီထုတ်လုပ်ရေးက မေလ(၈)ရက်နေ့မှာ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့အချိန်  ရဲတိုက်က သူ့ကို အမှတ်တရရှိနေတဲ့ သူတွေအတွက် စာတစ်စောင် ပေးလိုက်ပါတယ်။
အဲ့ဒါကတော့ " ကျွန်တော်မကြာခင်မှာ ပြန်လာခဲ့ပါတော့မယ်။ အားလုံးကို လွမ်းတတ်ခဲ့ပါပြီ။ ရဲတိုက်" ဆိုပြီး ရေးသားထားတာပါ။


ရဲတိုက်ကတော့ လက်ရှိမှာ တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျနေဆဲပါပဲ။ ယခင်က ရဲတိုက်လွတ်လာပြီဆိုတဲ့ သတင်းတွေ ခဏခဏထွက်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ တောင်ငူအကျဉ်း ထောင်မှာပဲ ရှိနေသေးပါတယ်။

ရဲတိုက်ဟာ လောလောဆယ်မှာလည်း ယခင်က ချမှတ်ထားတဲ့ အမိန့်အတိုင်းပဲ ရှိသေးတယ်လို့ သိရပါတယ်။ ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်သူ ရဲတိုက်တစ်ယောက်ကိုတော့ ပရိသတ်တွေ ယခုချိန်ထိ သတိတရ ရှိနေဆဲ ဖြစ်ပါတယ်။

Photo : ဆာတိုရီ ထုတ်လုပ်ရေး ဖေ့စ်ဘွတ်

Duwun

No comments:

Post a Comment