Latest News

Wednesday, May 17, 2017

ဝက်ကလေးကို ရအောင်ဖမ်းမယ်လို့ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးပြော

ဝက်ကလေးကို ရအောင်ဖမ်းမယ်လို့ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့လယ်က အင်တာနက်ဆိုင်ထဲမှာ ဓါးထောက်ပြီး အနုကြမ်းစီးသွားတဲ့ လုယက်မှုနဲ့ပတ်သက်ပြီး လွတ်မြောက်နေသူကို ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးက တာဝန်ယူပြီးဖမ်းပေးသွားမယ်လို့ ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အလုပ်နဲ့သက်သေပြသွားမှာဖြစ်ပြီး အချိန်အတိအကျကိုမပြောနိုင်ပေမဲ့ ရဲမဖမ်းရဲတဲ့ တရားခံမရှိဘူးလို့လည်း ပြည်မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးသန်းထွန်းအောင်က  ပြောပါတယ်။

လက်ရှိ ထွက်ပြေးလွတ်မြောက်နေသူဟာ ပြည်မြို့မှာနာမည်ရှိတဲ့ လူမိုက်ဝက်ကလေးဆိုတဲ့သူဖြစ်ပြီး ရဲကတရားခံကို မဖမ်းရဲဘူးဆိုတဲ့သတင်းတွေ ပျံ့နှံ့နေတာတွေဖြစ်တယ်လို့ သိရပါတယ်။

ပြည်မြို့မှာတော့ ဧပြီလနဲ့ မေလထဲမှာ အုပ်စုဖွဲ့ရန်ပြုခံရမှုတွေ၊ ဓါးထိုးမှုတွေအပြင် ပြည်မြို့လယ်မှာလည်ပင်းဓါးထောက်ပြီး အနုကြမ်းစီးလုယက်မှုအထိဖြစ်ပွားနေတာကြောင့် ပြည်မြို့ခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့တော့ အခုအချိန်မှာ မှုခင်းကျဆင်းရေးပညာပေးဟောပြောမှုတွေနဲ့ ရပ်ကင်း၊၀ပ်ကင်း၊ လှည်းကင်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Source : MMK:Duwun

No comments:

Post a Comment