Latest News

Sunday, May 21, 2017

စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် (၆)ရာသီဆက် ဗိုလ်စွဲသည့်ပထမဆုံးအသင်းအဖြစ် ဂျူဗင်တပ်စ် မှတ်တမ်းဝင်

စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် (၆)ရာသီဆက် ဗိုလ်စွဲသည့်ပထမဆုံးအသင်းအဖြစ် ဂျူဗင်တပ်စ် မှတ်တမ်းဝင်

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့၌ ကစားခဲ့သော ခရိုတိုနီအသင်း နှင့်ပွဲစဉ်တွင် (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် (၆)ရာသီဆက်ဗိုလ်စွဲသည့် ပထမဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် ယခင်က ချန်ပီယံဆုကို (၅)ရာသီ
ဆက် ရရှိခဲ့သည့် အသင်း(၂)သင်းရှိခဲ့ဖူးပြီး တူရင်မြို့ခံနှစ်သင်း ဖြစ်သော ဂျူဗင်တပ်စ်နှင့် တိုရီနိုအသင်းတို့ ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည်
၁၉၃၁ ခုနှစ်မှ ၁၉၃၅ ခုနှစ်အတွင်းနှင့် တိုရီနိုအသင်းသည် ၁၉၄၃ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း ရရှိ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အင်တာမီလန် အသင်းသည် စီးရီးအေချန်ပီယံဆုကို မှတ်တမ်းအရ (၅)ကြိမ်ဆက်ရရှိခဲ့ဖူးသော်လည်း (၂)ကြိမ်မှာ ဂျူဗင်တပ်စ်အသင်း၏ တန်းဆင်း ပြစ်ဒဏ်ကြောင့် ပယ်ဖျက်ခံရသော ချန်ပီယံဆုများဖြစ်သဖြင့် အငြင်းပွားဖွယ်ရာဖြစ်နေ ကြောင်းသိရသည်။

REF:Goal.com
Eleven Sports

No comments:

Post a Comment