မေဒေးနေ့ ကမ္ဘာတဝှမ်း အလုပ်သမားတွေ ချီတက်တောင်းဆို
ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားအခွင့်အရေးတွေရဖို့နဲ့ လစာကောင်းကောင်းမွန်မွန်ပေးဖို့ နိုင်ငံအတော်များများမှာ ချီတက်တောင်းဆိုခဲ့ကြပါတယ်။
တူရကီနိုင်ငံ အီစတန်ဘူလ်မြို့က မေဒေးနေ့ချီတက်ဆန္ဒပြပွဲမှာ ပိတ်ပင်ထားတဲ့ တာ့ခ်ဆင်ရင်ပြင်ကို ချီတက်ဖို့ ကြိုးစားတဲ့အလုပ်သမား အယောက် ၇၀ ကို ရဲကဖမ်းလိုက်ပါတယ်။ အဲဒီနေရာဟာ တူရကီအလုပ်သမားလှုပ်ရှားမှုတွေအတွက် အရေးပါတဲ့နေရာဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကအလုပ်သမားတွေကလဲ သမဂ္ဂတွေလွတ်လွတ်လပ်လပ်ဖွဲ့ခွင့်ရဖို့နဲ့ အနိမ့်ဆုံးလုပ်ခလစာကို တလ ၁၃၅ ဒေါ်လာကနေ ၂၀၈ ဒေါ်လာတိုးပေးဖို့တောင်းဆိုခဲ့ကြပြီး၊ ချီတက်ဆန္ဒပြကြတဲ့ အဲဒီအထည်ချုပ်အလုပ်သမား ၁ ထောင်ကျော်ကို အထိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က စောင့်ကြည့်ခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာလဲ လက်ဝဲယိမ်းတဲ့အလုပ်သမားထောင်ချီပြီး မေဒေးနေ့ချီတက်ခဲ့ကြပါတယ်။ သူတို့ကလည်း လုပ်ခလစာတိုးပေးဖို့နဲ့ ယာယီအလုပ်ခံတာတွေရပ်ဖို့၊ အခွင့်အရေးတွေအပြည့်အဝပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါးဂိုဏ်းနှိမ်နင်းရေးမှာ တရားလက်လွတ်လူသတ်နေတာတွေကိုလည်း ကန့်ကွက်ရှုံ့ချခဲ့ကြပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment