Monday, May 22, 2017
လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းပန်ရတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး
နေပြည်တော် မေ ၂၂။
တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအပေါ်ပြန်လည်တည့်မတ်ပေးရေး တိုက်တွန်းအဆို တင်သွင်းခဲ့မှု အပေါ်ရှင်းလင်းခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအား ထိခိုက်စေခဲ့သည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားသူကြီးက မေလ ၂၂ ရက်နေ့ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လာရောက်တောင်းပန်ခဲ့သည်။
“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ထိခိုက်နှစ်နာမှုများ ဖြစ်ပေါ်စေခဲ့တဲ့အတွက် ကျွန်တော်၏ ဆွေးချက်များထဲမှ အထက်ပါအချက်များကို ပြန်လည်ရုပ်သိမ်းလိုပါတယ်။ ဖော်ပြပါ ဆွေးနွေးတင်ပြချက်များနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာသာ တာဝန်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လေးစားပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ထိခိုက်စေရန်၊ နစ်နာစေရန် ရည်ရွယ်ချက်မထင်မှတ်ဘဲ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်ကို ခွင့်လွှတ်ပေးရန် လေးစားစွာ တင်ပြအပ်ပါတယ်”ဟု ပြည်ထောင်စုတရား လွှတ်တော် တရားသူကြီး ဦးစိုးညွှန့်က ပြောဆိုခဲ့သည်။
စတုတ္တအကြိမ်ပုံမှန်အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီး၊ ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ တရားစီရင်ရေးမဏ္ဍိုင်တိမ်းစောင်းနေခြင်းနှင့် ပတ်သက်သည့် အဆိုကို တင်သွင်းရာတွင် ယင်း၏ ပြန်လည်ဖြေးရှင်းချက်နှင့် ပတ်သက်၍ လာရောက် တောင်းပန်ခြင်း ဖြစ်သည်။
ယင်းအဆိုကို ဆွေးနွေးခဲ့စဉ်က ဦးတင်ထွန်းက "တရားရုံးများရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတဲ့ စွပ်စွဲပြောဆိုမှုများဟာ တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်ပါကြောင်း” ဟု ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/
လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းပန်ရတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး
Reviewed by timeayeyar
on
7:03 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment