Latest News

Tuesday, May 23, 2017

ဝန်ကြီးဟောင်း ဦးဆန်းဆင့် ပြန်လည်လွတ်မြောက်

ဝန်ကြီးဟောင်း ဦးဆန်းဆင့် ပြန်လည်လွတ်မြောက်

တောင်ငူ၊ မေ ၂၄

သာသာနာရေး ဝန်ကြီးဟောင်းနှင့် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့်သည် ယနေ့ (မေလ ၂၄ ရက်) နံနက် ၈ နာရီခွဲခန့်က နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။

အတိုင်းအတာတစ်ခုအထိ ပြန်လည် တည်ဆောက်ပြီးပါက ပြည်သူအကျိုးပြု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၀န်ကြီးဟောင်း ဦးဆန်းဆင့်က တောင်ငူထောင်မှ လွတ်မြောက်လာပြီးပြီးချင်း ထုတ်ဖော် ပြောကြားလိုက်သည်။

တပ်မတော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဦးဆန်းဆင့်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အလွန်တွင် ဧရာဝတီတိုင်းဒေသကြီး လွတ်တော်ဥက္ကဋ္ဌအဖြစ်မှ တင်မြောက်ခံခဲ့ရသော်လည်း ဦးသိန်းအောင် ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပွတ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်မှုကြောင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီတွင် သာသနာရေးဝနကြီးအဖြစ် ခန့်အပ်ခဲ့ရသည်။

သာသနာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ပြီး တစ်နှစ်ကျော်အကြာတွင် နိုင်ငံတော် အစိုးရအပေါ် အကြည်ညို ပျက်စေမှု၊ ယုံကြည် အပ်နှံဖောက်ဖျက်မှုများဖြင့် တရားစွဲခံရပြီးနောက် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရပြီး ရမည်းသင်းထောင်မှ တောင်ငူ ထောင်သို့ ရောက်ရှိနေသူ ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ) ရာစုပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံသား အကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦးတို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

The Voice

No comments:

Post a Comment