လသာနှင့်ကျောက်တံတားမြို့ နယ်ရှိ နေအိမ်များအား ဖောက်ထွင်း ခိုးယူခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိ
လသာမြို့နယ်ရှိ နေအိမ် ဖောက်ထွင်းခိုးယူခဲ့သူ နှစ်ဦးအား ဖမ်းဆီး စစ်ဆေးရာမှ ကျောက်တံတားမြို့နယ်အတွင်း ခိုးယူခဲ့မှု များပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မေ ၁၅ ရက်က သတင်းထုတ်ပြန်လိုက်သည်။
လသာမြို့နယ် အမှတ် ၅ရပ်ကွက် ဗိုလ်ရွဲလမ်းတွင်နေထိုင်သူ တစ်ဦးဖြစ် သည့် ဒေါ်…သည် လသာလမ်းတွင် ၎င်းဖွင့်လှစ်ထားသည့် အလှပြင်ဆိုင် သို့ မေ ၇ရက်နေ့ နံနက် ၁၀း၄၅ နာရီခန့်က နေအိမ်တံခါးသော့ခတ်ပြီး အလှပြင်ဆိုင်သို့သွားခဲ့ကြောင်း အဆိုပါနေ့ အလှပြင်ဆိုင်တွင် လုပ်ကိုင်နေစဉ် ညနေ ၅နာရီခွဲခန့်တွင် နေအိမ်သို့ပြန်သွားသည့်
ဆိုင်ဝန်ထမ်းတစ်ဦးက ဆိုင်သို့ပြန်လာကာ နေအိမ်တံခါး ပွင့်နေပြီး ပစ္စည်းများ ပြန့်ကျဲနေကြောင်း လာရောက် ပြောကြားသည့်အတွက် နေအိမ်သို့ပြန်သွားခဲ့ကြောင်း နေအိမ်သို့ပြန်ရောက်သည်နှင့် ၎င်းပိုင် ပလတ်စတစ် သေတ္တာသော့မှာပျက်နေပြီး အတွင်းရှိ လက်ကိုင်အိတ်ဖြင့်
ထည့်ထားသည့် ရွှေထည်ပစ္စည်း ၁၄မျိုးနှင့် ငွေကျပ် ၁၀သိန်း၊ ဆိုင်ဝန်ထမ်း များ၏ ခရီးဆောင်အိတ်များအတွင်းမှ ငွေကျပ် ၄၁၀၀၀၀ ကျပ်နှင့် ရွှေနားကပ် ၁ဖက်၊ လက်ကိုင်ဖုန်း ၁ လုံးတို့ ပျောက်ဆုံးနေသဖြင့် လသာမြို့နယ်ရဲစခန်းသို့ အရေးယူပေးရန် တိုက်တန်းခဲ့ကြောင်း သိရသည်။
အမှုဖြစ်စဉ် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း အကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် လသာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားသည့် နေအိမ်၊ ပိုင်ရှင်နှင့် ၀န်ထမ်းများအား အသေးစိတ်စစ်ဆေး ဆောင်ရွက်ပြီးနောက် ပြစ်မှုကျူးးလွန်သူမှာ မေလ ၇ ရက် နံနက် ၁၀နာရီခွဲအချိန်နှင့် ညနေ ၅နာရီခွဲအကြားတွင်
တိုက်ခန်း တံခါးအားသော့ဖျက်ဝင်ရောက်ပြီး အတွင်းရှိ ပစ္စည်းများကို ယူသွားခြင်းဖြစ်ကြောင်း သုံးသပ်ပြီး ဆက်လက်ရှာဖွေဖော်ထုတ် စုံစမ်းခဲ့ကြောင်း ကျူးလွန်သူများသည် ယခင်အလှပြင်ဆိုင် ၀န်ထမ်းဟောင်များ ဖြစ်သည့် ခန့်စည်သူ(ခ)စည်သူ နှင့် ၎င်း၏ဇနီးဖြစ်သူ
ဥမ္မာကျော်(ခ) ဥမ္မာ(ခ)အေမီတို့ ဖြစ်သည်ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ ကြောင်း ၎င်းတို့နှစ်ဦးအား ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းရာ မေ ၁၁ရက် နေ့လည် ၂ နာရီခွဲခန့်တွင် အမျိုးသားဖြစ်သူအား အမှုပါလက်ကိုင်ဖုန်းနှင့် အတူ ဆိပ်ကမ်းမြို့တွင်ဖမ်းဆီးရမိပြီး ညနေ ၃နာရီခွဲ အချိန်ခန့်တွင် ဇနီးဖြစ်သူအား လမ်းမတော်မြို့နယ်တွင် ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးရမိပြီးနောက် စစ်ဆေးရာတွင် ၎င်းတို့နှစ်ဦးမှာ မေ ၇ ရက်နေ့ နေလည် ၁၁နာရီ ၅၀အချိန်ခန့်တွင် အခင်းဖြစ်ပွားရာတိုက်ခန်းသို့ ခိုးယူရန် တက်ခဲ့သော်လည်း တံခါးသော့ခတ်ထားသည့်အတွက် သော့ဖျက်ရန် ပစ္စည်းကိရိယာများ မပါရှိကြောင့် နေအိမ်သို့ပြန်ကာ
စက်ဘီးသံထောက် တစ်ခုအား ယူဆောင်ခဲ့ကြောင်း လမ်းဘေးဆိုင်မှ ၀က်အူလှည့် တစ်ချောင်းဝယ်ယူကာ တိုက်ခန်းအားဖောက်ထွင်း ၀င်ရောက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
ဆက်လက်ပြီးစစ်ဆေးရာတွင် ဧပြီ ၂၃ရက် နေ့လည် ၁၂ နာရီဝန်းကျင် ခန့်က အဆိုပါတိုက်ခန်းသို့ခိုးယူရန် သွားရောက်စဉ် အသက်၅၀ခန့်ရှိ အမျိုးသမီးတစ်ဦးနှင့် တွေ့ရှိသဖြင့် ယခင်သိကျွမ်းသူ ဆိုင်ဝန်ထမ်း၏ အမည်အားမေးရာ မရှိကြောင်းပြောသဖြင့် ရေအိမ်အသုံးပြုကာ လက်ကိုင်ဖုန်း တစ်လုံးအား ခိုးယူခဲ့ကြောင်း ထွက်ဆိုခဲ့သလို
အမျိုးသားဖြစ်သူ သည် ဧပြီလအတွင်းက ကျောက်တံတား မြို့နယ် ၃၉ လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ TCL အမျိုးအစား Flat TV ၁ လုံးအား ခိုးယူပြီး နေအိမ်တွင် သိမ်းဆည်းထားကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက် ခဲ့သည်။
အမှုစစ်ဆေးပေါ်ပေါက်ချက်များအရ အမှုမှ ပါဆုံးသွားသော သက်သေခံ ရွှေထည်ပစ္စည်းများနှင့် ခိုးယူရရှိသည့် ငွေများဖြင့် ၀ယ်ယူထားသော ကင်မရာတစ်လုံးနှင့် အ၀တ်အစားတို့အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ သည်။ ၎င်းတို့နှစ်ဦးအမှုအား ကျောက်တံတားမြို့မရဲစခန်းနှင့်
လသာမြို့မ ရဲစခန်းတို့မှ အမှုများ အသီးသီးဖွင့်ကာ ဆက်လက် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဓာတ်ပုံ-Yangon Police (FB)
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment