Latest News

Monday, May 15, 2017

ပဲ့ထိန်းဒုံးသစ် စမ်းသပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား ကြွေးကြော်

ပဲ့ထိန်းဒုံးသစ် စမ်းသပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား ကြွေးကြော်


တနင်္ဂနွေနေ့က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်တဲ့ အမျိုးအစားသစ် ဒုံးပျံ ဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာလိုက်ပါတယ်။

အဲဒီ ဒုံးကျည်ဟာ မိုင် ၁,၂၄၂ (ကီလိုမီတာ ၂,၀၀၀) အမြင့်ကနေ ၄၃၄ မိုင် (၇၀၀ ကီလိုမီတာ )  အကွာအဝေးကို ရောက်ရှိခဲ့ပြီး ဂျပန်နိုင်ငံရဲ့ အနောက်ဘက် ပင်လယ်ပြင်ကို ကျရောက်ခဲ့ပါတယ်။

ဒီနေ့ တနင်္လာနေ့မှာတော့ ဒါဟာ အသစ် တီထွင်ထားတဲ့ ပဲ့ထိန်းဒုံးကျည် ဖြစ်ကြောင်း မြောက်ကိုရီးယားဘက်က ဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ပြောဆိုချက် ဘယ်လောက်မှန်တယ် ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ တောင်ကိုရီးယားဘက်ကတော့ ပြောပါတယ်။

ဒါပေမယ့် အခု နောက်ဆုံး ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ကောင်းကင် လေဟာနယ်ထဲကနေ ထွက်ခွာပြီး ပြန်လည်ဝင်ရောက်နိုင်စွမ်းရှိတယ် ဆိုတာကိုတော့ တောင်ကိုရီးယားက အတည်ပြုပါတယ်။

ဒါဟာ တိုက်ချင်းပစ် ဒုံးကျည်တွေ တီထွင် ဖန်တီး စမ်းသပ်မှုမှာ အရေးပါတဲ့ အချက် ဖြစ်ကြောင်း တောင်ကိုရီးယားရဲ့ ယွန်ဟပ် (Yonhap) သတင်းမှာ ရေးသားထားပါတယ်။

ဒီနှစ် အတွင်းမှာ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ တားမြစ်ထားချက်တွေကို ဆန့်ကျင်ပြီး ဒုံးကျည်စမ်းသပ်မှုတွေ အကြိမ်များစွာ ပြုလုပ်ခဲ့ကာ ဒေသတွင်းမှာ စစ်ရေးအရ မငြိမ်မသက်ဖြစ်မှုတွေ တိုးပွားစေခဲ့သလို အမေရိကန်နဲ့ ဆက်ဆံရေးမှာလည်း တင်းမာလာခဲ့ပါတယ်။

အခု နောက်ဆုံး စမ်းသပ်မှုအတွက် မနက်ဖြန် အင်္ဂါနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ကျင်းပဖို့ အမေရိကန်နဲ့ ဂျပန်က တောင်းဆိုထားပါတယ်။

တောင်ကိုရီးယားရဲ့ သမ္မတသစ် မွန်ဂျေအင်းကလည်း အခု စမ်းသပ်မှုကို အဆင်ခြင်မဲ့ ရန်စမှု အဖြစ် ရှုတ်ချထားပါတယ်။

BBC

No comments:

Post a Comment