သမ္မတ နှုတ်ထွက်မည် ဆိုသည့် သတင်းမှားဖြန့်ချိသူများအား အရေးယူရန် ပြည်ထဲရေး သို့အကြောင်းကြားပြီ
သမ္မတဦးထင်ကျော် ကျန်းမာရေး မကောင်းသဖြင့် နှုတ်ထွက်မည် ဆိုသော သတင်းနှင့် သူရဦးရွှေမန်းအား NLD မှ သမ္မတ ရာထူး ခန့်မည် ဆိုသော ကောလာဟလ သတင်းဖြန့်ချိ သူများအား အရေးယူရန် ပြည်ထဲရေး ၀န်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း NLD ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးဝင်းထိန်က ပြောသည်။
“မနေ့က ပြည်ထဲရေး ၀န်ကြီးကို သတင်းပို့တယ် ၊ ဒီလိုဖြန့်ချိနေ သူတွေကို ဖော်ထုတ်ပေးပါ ၊ တရားဥပဒေအရ အရေးယူမယ်”ဟု ဦးဝင်းထိန် က ပြောသည်။
ကောလာဟလ သတင်းများဖြန့်ချိရာတွင် အဖွဲ့လိုက်လုပ်ဆောင်ခြင်း ၊တစ်ဦးချင်း လုပ်ဆောင်ခြင်း စသည်ကို လည်းဖော်ထုတ်ကာ
အရေး ယူမည်ဖြစ်ကြောင်း ၊ ထိုသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံရေး မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်း က ပြောသည် ။
စိုင်းလမင်း(Popular News )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment