Latest News

Tuesday, May 9, 2017

တောင်ကြီးမြို့မဈေးရှိ စည်းကမ်းမဲ့ အမိုးအကာများကို စည်ပင်ဖြုတ်သိမ်း

တောင်ကြီးမြို့မဈေးရှိ စည်းကမ်းမဲ့ အမိုးအကာများကို စည်ပင်ဖြုတ်သိမ်း

 တောင်ကြီးမြို့ မြို့မဈေးကြီးပရ၀ဏ်ရှိ စည်း ကမ်းမဲ့တပ်ဆင်ထားသည့် အမိုး အကာများကို တောင်ကြီးစည်ပင် သာယာရေးဌာနက စတင်ဖြုတ် သိမ်းနေသည်။
မြို့မဈေးကြီးတွင် ပျံကျ ရောင်းချသည့် ဈေးသည်များ တပ်ဆင်ထားသည့် အမိုးအကာ များကိုမေလ ၆ ရက်ကစ၍ လိုက် လံဖြုတ်သိမ်းနေကြောင်း တောင် ကြီးမြို့မဈေးတာဝန်ခံဦးခင်အေးက ပြောသည်။

‘‘မီးဘေးကြိုတင်ကာကွယ် ရေးအနေနဲ့ အသေတပ်ထားတဲ့ မိုးကာတွေကို လိုက်ဖြုတ်တာပါ။ ညဘက်ပိုင်းဆိုရင်လည်း မီးသတ် ကားတွေ အလွယ်တကူ ၀င်ထွက် သွားလာနိုင်ဖို့ စီမံတဲ့သဘောနဲ့ လိုက်ဖြုတ်သိမ်းတာပါ။ ဒီလို လုပ်ဆောင်မယ် ဆိုတာလည်း ဆိုင်ခန်းတွေကို အသိပေးထားပြီး ဖြစ်တယ်’’ ဟု ၎င်းက ပြောကြားသည်။

တောင်ကြီးမြို့မဈေးကြီးအ တွင်း မိုးကာများကို ယာယီသာ တပ်ဆင်ခွင့်ပြုမည်ဖြစ်ပြီး ဈေး သိမ်းပါက တစ်ပါတည်း ပြန် လည်ခေါက်သိမ်းရမည် ဖြစ် သည်။ စည်ပင်သာယာရေးဌာန၏ ဆောင်ရွက်နေမှုကို လိုက်နာမှုမရှိပါက စည်ပင်သာယာရေး ဥပဒေအရ ဒဏ်ငွေရိုက်၍ အရေး ယူမည်ဟု ဆိုသည်။

မြို့မဈေးအတွင်း မိုးကာများတပ်ဆင်၍ ဈေးရောင်းချ နေသည့် ပျံကျဈေးသည်စုစုပေါင်း ၁၀၀ ကျော်ရှိသည်ဟု တောင်ကြီးစည်ပင်သာယာရေးဌာနမှ သိရသည်။

7Day News Journal

No comments:

Post a Comment