Monday, May 1, 2017
ဒုက္ခသည်အဖြစ်အမေရိကန်ပြောင်းရွှေ့အခြေချနေထိုင်သူ ဇိုမီးချင်းလူမျိုးဖခင်တစ်ဦး သားသမီးသုံးယောက်ရှေ့တွင်ပစ်သတ်ခံရ
မြန်မာပြည်ကနေအမေရိကန်ကိုပြောင်းရွှေ့အခြေချနေ ထိုင်သူ
အသက် ၄၁ နှစ်အရွယ် စတက်ဖင်ကင်မ် ဟာ သူ့ကလေးသုံးယောက်ရှေ့မှာ
ပဲ ပြီးခဲ့တဲ့သီတင်းပတ်က ပစ်သတ်ခံလိုက်ရပါတယ်။
ကင်မ်တို့မိသားစုက အိုင်အိုဝါ Des Moines မှာနေထိုင်ပြီး
၂၀၀၈ မှာ သူ့အမျိုးသမီး အက်စတာနဲ့ အမေရိကကိုရောက်လာခဲ့ကြ တာပါ။
အိုင်အိုဝါမှာဒီအမှုက ဒီနှစ်အတွက် ၁၁ ခုမြောက်လူသတ်မှုပါ။
ပြီးခဲ့တဲ့နှစ်ကလူသတ်မှု ၁၃ မှုဖြစ်ပွားခဲ့ပါတယ်။
လူလေးယောက်က လုယက်ဖို့လုပ်စဉ်မှာ
ကင်မ်က သူ့ကလေးတွေကို ကာကွယ်ဖို့လုပ်ရင်း လူသတ်သမားတွေက
သူ့ကို ကလေးတွေရှေ့မှာပဲ ပစ်သတ်သွားတာလို့ ဆိုပါတယ်။
သူရဲ့ ကလေးနှစ်ယောက်တက်နေတဲ့ Holy Family ကတ်သလစ်ကျောင်းမှာ ယဉ်ကျေးမှုနေ့ အခမ်းအနားကိုကျင်းပအပြီးမှာ ဒီလူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။သူ့ကလေးတွေက ပထမတန်းနဲ့ ဒုတိယတန်းတက်နေကြပါတယ်။
ကင်မ်က သူ့ကလေးတွေရဲ့ပွဲကို နောင်နှစ်မှာ မူကြိုတက်ရတော့မယ့် အငယ်ဆုံးကလေးကိုပါခေါ်လာခဲ့တာပါ။
ကျောင်းအုပ်ကြီးက ကင်မ်ဟာ အလုပ်ကြိုးစားသူ၊ ကြင်နာတတ်သူလို့ဆိုပါတယ်။
ကင်မ်နဲ့ သူ့မိသားစုက ဇိုးမီး ချင်းလူမျိုးတွေဖြစ်ပြီး ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်ကိုရောက်ရှိလာကြတာပါ။
အသုဘစရိတ်နဲ့ကျန်ရစ်တဲ့ကလေးငယ်တွေပညာရေးအတွက် ရန်ပုံငွေစုဆောင်းပေးဖို့ ပေ့ခ်ျတစ်ခုလည်းလုပ်ဆောင်ထားတယ်လို့သိရပါတယ်။
SZ(Time Ayeyar_တိုင်းဧရာ) ဘာသာပြန်သည်
ဒုက္ခသည်အဖြစ်အမေရိကန်ပြောင်းရွှေ့အခြေချနေထိုင်သူ ဇိုမီးချင်းလူမျိုးဖခင်တစ်ဦး သားသမီးသုံးယောက်ရှေ့တွင်ပစ်သတ်ခံရ
Reviewed by timeayeyar
on
4:22 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment