Latest News

Monday, May 15, 2017

၂၁ ရာစုပင်လုံညီလာခံသို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ကို ဖိတ်ကြားမည်

၂၁ ရာစုပင်လုံညီလာခံသို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ကို ဖိတ်ကြားမည်

 ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံဒုတိ ယအစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အပါအ ဝင် မြန်မာနိုင်ငံရှိ သံရုံးများမှ သံ တမန်များကို ဖိတ်ကြားမည်ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲ နေ့နှင့် ညစာစားပွဲဖိတ်ကြားရေး ကို အစိုးရက တာဝန်ယူထားပြီး ညီလာခံကိုယ်စားလှယ်များ၊ လေ့ လာသူများဖိတ်ကြားရေးကို အစိုး ရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် စုဖွဲ့ထား သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPD JC)က ဖိတ်ကြားမည်ဖြစ်သည်။

‘‘ဖွင့်ပွဲရှိမယ်။ ညစာစားပွဲရှိ မယ်။ အဲဒီမှာ အစိုးရဘက်က ဖိတ်မယ်။ အထွေထွေအတွင်းရေးမှူး ချုပ်ရုံးနဲ့ ပြောနေတာတွေရှိတယ်။ တက်ဖြစ်၊ မတက်ဖြစ်တော့ မသေ ချာဘူး။ သို့သော် အထွေထွေအ တွင်းရေးမှူးချုပ်ကိုတော့ ဖိတ် မယ်။ နောက်တစ်ခုက ပြည်တွင်း မှာရှိတဲ့ သံရုံးတွေက သံတမန်တွေဖိတ်မယ်’’ဟု သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော ကြားသည်။

အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ပထမအစည်းအဝေးသို့ ကုသသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ သည်။ လက်ရှိ ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ် မစ္စ တာအန်တိုနီယိုဂူတာရက်စ်သည် မစ္စတာ ဘန်ကီမွန်းနေရာကို ဆက်ခံသူဖြစ်သည်။

ညီလာခံသို့ ရွေးကောက်ပွဲ အနိုင်မရသည့် နိုင်ငံရေးပါတီများ မှ ဥက္ကဋ္ဌအပါအဝင် နှစ်ဦးကို ဖိတ် ကြားမည်ဟုလည်း UPDJC နိုင်ငံရေးပါတီကိုယ်စားလှယ် တာလှ ဖေက ဆိုသည်။

ထို့အပြင် အရပ်ဘက်လူမှုအ ဖွဲ့အစည်းများမှ ကိုယ်စားလှယ် များကို လေ့လာသူအဖြစ် ဖိတ်  ကြားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ‘‘ဖွင့်ပွဲနေ့တော့ ကိုးရာ လောက်ရှိမယ်ဗျ’’ဟု တက်ရောက်မည့်သူအရေအတွက်ကို တာလှဖေက ခန့်မှန်းပြောကြားသည်။

၂၁ ရာစုပင်လုံညီလာခံကို မေလ ၂၄ ရက်မှ ၂၈ ရက်ထိ ငါး ရက်ကြာ ကျင်းပမည်ဖြစ်သည်။ အဆိုပါညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များတက်ရောက်ပြီး ကဏ္ဍအ လိုက် ဆွေးနွေးပွဲများ၊ အစုအဖွဲ့ အလိုက် ဆွေးနွေးပွဲများနှင့် ညီလာခံအတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

၂၁ ရာစုပင်လုံတွင် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေ ယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင် ရာမူဝါဒများ စသည့် ကဏ္ဍများမှ အချက် ၄၁ ချက်ကို ဆွေးနွေးမည် ဖြစ်သည်။ နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေးမည့် အကြောင်းအရာ များ၌ ဖက်ဒရယ်ဆိုင်ရာကိစ္စများ ပါဝင်သည်။

7Day News Journal

No comments:

Post a Comment