ပရိသတ်တွေ စိတ်ပူခဲ့ရတဲ့ ဒိန်းဒေါင် ကျန်းမာရေး ပြန်လည်ကောင်းမွန်
အမောဖောက်သော ကြောင့် ဆေးရုံတက်ခဲ့ရသည့် လူ ရွှင်တော်ဒိန်းဒေါင်သည် လက်ရှိ တွင် ကျန်းမာရေးကောင်းမွန် ကြောင်း သတင်းရရှိသည်။
မေလ ၇ ရက် ညဥ့်သန်းခေါင်ယံက ဒိန်းဒေါင်၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဆေးရုံ၌ တက် ရောက်ကုသခံယူနေသည့်ပုံကို ‘‘သေလည်း ဘာမှမဖြစ်ဘူး။ (၄၄)နှစ် လူ့လောကမှာ နေပြီးပြီ’’ဟုရေးသားဖော်ပြခဲ့ရာ ၎င်း၏ မိတ်ဆွေများအပါအဝင် ပရိသတ်များက စိတ်ပူကြောင်း မှတ်ချက်များ ဝင်ရောက်ရေးသားထား သည်။
အဆိုပါပုံအောက်တွင် ဒိန်း ဒေါင်နှင့်အတူ ရှိနေသည်ဆိုသည့် စူပါဘဲတောက စိတ်မပူရန် ရေး သားထားပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း ပရိသတ်များ အား ပြန်လည်ဖြေကြားထား သည်။
မေလ ၈ ရက် ညနေတွင်ဒိန်းဒေါင်၏သမီး ဒိန်းပိုပိုဒေါင်က ‘‘ဖေကြီးအကြိုက် သရက်သီးလေးသွားကျွေးရင်း နေကောင်းပြီး ကျန်းမာလျက်ရှိပါကြောင်း စိတ်မပူကြပါနဲ့လို့’’ဟု ရေးသားထား သည်။
ထို့အပြင် ဖေ့စ်ဘွတ်ခ်အသုံး ပြုသူများက ဆေးရုံတက်ရသည့် အကြောင်းရင်းကို မေးမြန်းရာ အမောဖောက်သောကြောင့်ဟု ဒိန်းပိုပိုဒေါင်က ပြန်လည်ဖြေကြားထားသည်။
ဒိန်းဒေါင်နှင့် အရင်းနှီးဆုံးသူ တစ်ဦးဖြစ်သည့် ခင်လှိုင်ကလည်း ‘‘ညီအစ်ကိုတမျှ ချစ်ရတဲ့သူငယ် ချင်းက မနေ့ညက ဆေးရုံတင်ရ တယ်။ ကျွန်တော် ပြင်ဦးလွင်မှာ ရောက်နေတယ်။ စိတ်တွေပူလို့ ညက ကောင်းကောင်းအိပ်လို့မရ ဘူး။ ချစ်သူငယ်ချင်း မြန်မြန်နေ ကောင်းဖို့အတွက် မနက်က အ စောကြီးဘုရားမှာ ဆုတောင်း မေတ္တာပို့သပေးခဲ့တယ်။ မြန်မြန် နေကောင်းပါစေသူငယ်ချင်းရေ’’ ဟု မေလ ၈ ရက်က ရေးသားထား သည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment