ကနေဒါဝန်ကြီးချုပ် ထရူးဒိုး အလုပ်ထဲကို သားလေး ခေါ်လာတဲ့ ဓာတ်ပုံတွေ လူကြည့်များ
ဖခင်တစ်ယောက် အနေနဲ့ အခွင့်အရေးရရင် ကိုယ့်သားလေးကို ကိုယ့်အလုပ်ထဲကို ခေါ်သွားကြည့်စေချင်တယ်။ စူးစမ်းတဲ့ မျက်လုံးလေးနဲ့ ဟိုကိုင်ကြည့် ဒီကိုင်ကြည့်လုပ်ပြီး အမေးအမြန်း ထူတဲ့သားလေးကို လုပ်ဖော်ကိုင်ဖက်တွေကလည်း ချစ်ကြမှာပါ။ ကနေဒါ ဝန်ကြီးချုပ်ဟာ ၃ နှစ်သား ဟာဒရီယန်ကို ရုံးကိုခေါ်လာခဲ့တာမို့ ဓာတ်ပုံဆရာတွေ အကြိုက်ဖြစ်ခဲ့ပါတယ်။
“ရုံးမှာ ဒီနေ့တော့ အဖော်တစ်ယောက်ရတယ်”ဆိုတဲ့ စာသားနဲ့ ကနေဒါ ဝန်ကြီးချုပ်က သူတို့ သားအဖပုံတွေကို Facebook မှာ တင်ထားခဲ့ပါတယ်။
ဝန်ကြီးချုပ်ရုံးနဲ့ ပါလီမန်ထဲမှာ သားအဖနှစ်ယောက် အတူတူ လျှောက်ကြည့်ကြတဲ့ ပုံလေးတွေက ကြည်နူးစရာ ဖြစ်ပါတယ်။ အလုပ်ကို ခေါ်လာတာတော့ ကောင်းပါတယ်။ ကိုယ့်သားသမီးကို ရာထူးတွေ၊ လုပ်ပိုင်ခွင့်တွေပေးတဲ့ ခေါင်းဆောင်ကြီး တချို့လိုတော့ မလုပ်ပါနဲ့ ဝန်ကြီးချုပ်တို့ရယ်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment