ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သစ်ထံ လွှဲပြောင်းရန်ကျန်ရှိနေသည်ဟုဆိုသော ဒေသဖွံဖြိုးရေးရန်ပုံငွေများအား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ပြည်ထောင်စုထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရ
ဦးသိန်းအောင်ဦးဆောင်သည့် ယခင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးမန်းဂျော်နီဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သစ်ထံ လွှဲပြောင်းရန်ကျန်ရှိနေသည်ဟုဆိုသော ဒေသဖွံဖြိုးရေးရန်ပုံငွေများကိစ္စအား ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ပြည်ထောင်စုအဆင့်ထိ တင်ပြသွားရန် စီမံဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖွံဖြိုးရေးကိစ္စရပ်များနှင့် အရေးပေါ်သဘာဝဘေးအန္တရယ်များတွင် အသုံးပြုရန် ထားရှိရသည့် ဒေသဖွံဖြိုးရေးရန်ပုံငွေများအား အစိုးရသစ်ထံသို့ ဦးသိန်းအောင်ဦးဆောင်သည့် အစိုးရဟောင်းမှ လွှဲပြောင်းပေးခဲ့ခြင်းမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုအား လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြန်လည်ဖြေဆိုထားပြီး ၊ ယင်းရန်ပုံငွေများဖြင့် ယခင်ဦးသိန်းအောင်ဦးဆောင်သည့် အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ဧရာဝတီ ပညာ၊ကျန်းမာ ဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတစ်ခု ဖွဲ့စည်းတည်ထောင်ထားကြောင်း ပြည်တွင်းမီဒီယာအချို့တွင်လည်း ဖော်ပြမှုများရှိနေသည်။
“တိုင်းဒေသကြီးလွှတ်တော်က cabinet ကို သ၀ဏ်လွှာပို့တယ်။ သ၀ဏ်လွှာပို့တော့ cabinet တင် ဆွေးနွေးတယ်။ ဆွေးနွေးပြီး စီစစ်ပြီးတော့ ၀န်ကြီးချုပ်ကတဆင့် ပြည်ထောင်စုအထိတင်ပြရမယ်။ အခုလက်ရှိမှာ စစ်ဆေးဆဲအဆင့်ပဲရှိသေး တယ်။ အဲဒါကြောင့် ငွေပမာဏဘယ်လောက်လဲ ပြောလို့မရသေးဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောကြားသည်။
တိုင်းဒေသကြီးဖွံဖြိုးရေးရန်ပုံငွေများကို ရယူထားခြင်းမရှိကြောင်း၊ အခြားတိုင်းဒေသကြီးတစ်ခုတွင် ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်များကြောင့် တိကျသောအချက်အလက်များမရှိဘဲ ဖော်ပြရေးသားနေခြင်းဖြစ်ကြောင်း၊ အချိန်တန်ပါ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ယခင်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ဒေါ်ခင်စောမူကပြောသည်။
“အချိန်တန်ရင်တော့ ရှင်းသွားပါလိမ့်မယ်၊ တချို့ကတော့ သေသေချာချာမသိကြတော့ ထင်ရာမြင်ရာတွေ ပြောနေကြတာပေါ့၊ အချိန်အတိုင်းအတာတစ်ခုမှာတော့ ရှင်းရှင်းလင်းလင်းသိသွားကြပါလိမ့်မယ်၊ ကျွန်မသိတာကတော့ ပြီးခဲ့တဲ့အစိုးရမှာ အစိုးရအဖွဲ့ရန်ပုံငွေဆိုတာမရှိဘူး ပြီးခဲ့တဲ့ကာလတုန်းကလည်း ဖောင်ဒေးရှင်းတစ်ခုအနေနဲ့ပဲဆောင်ရွက်တာ အခုဆက်ပြီးတော့လည်း ပြီးခဲ့တဲ့ဖောင်ဒေးရှင်းကိုဖျက်ပြီးသိမ်းပြီးတော့ အခုဖောင်ဒေးရှင်းအသစ် ပြည်ထဲရေးတရားဝင်မှတ်ပုံတင်ပြီးတော့ လုပ်ထားတယ်ပေါ့ ပြီးတော့လည်း သေသေချာချာ မသိဘဲနဲ့ ကိုယ်ထင်ရာမြင်ရာတွေနဲ့ တခြားတိုင်းတွေမှာဖြစ်တာတွေနဲ့ ရောပြီးတော့ ပြောဆိုနေကြတာ” ဒေါ်ခင်စောမူကပြောသည်။
ယခင်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လက်ထက်တွင် လမ်း၊တံတားများဖြတ်သန်းခ ကောက်ခံရေးအတွက် လေလံတင်ရာတွင် လေလံစွဲယူရာ၌ စိတ်ဝင်စားကြေးဟုဆိုကာ ကောက်ခံမှုများရှိခဲ့ပြီး ယင်းကောက်ခံရရှိငွေများအား တိုင်းဒေသကြီးရန်ပုံငွေအဖြစ် ထားရှိကြောင်း ထိုအချိန်က သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ဦးသိန်းအောင်ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဟောင်းမှ လက်ရှိအချိန်တွင် ဧရာဝတီ ပညာ၊ကျန်းမာ ဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းဟုဆိုကာ တည်ထောင်ထားပြီး ယင်းဖောင်ဒေးရှင်းမှ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်မီးလင်းရေးကော်မတီအချို့ လူမှုရေးအသင်းအဖွဲ့အချို့နှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်းအချို့အား ငွေကျပ် သိန်း၅၀မှ စတင်ကာ သိန်း၅၀၀အထိ ချေးငှါးထားကာ ငွေချေးငှါးထားသည့် အဖွဲ့အစည်းများအား ပြန်လည်ပေးဆပ်ရန်အတွက် တောင်းခံမှုများလည်း ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
အောင်ကျော်မျိုး၊ မင်းသူဝင်းထွဋ်
Monday, May 8, 2017
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သစ်ထံ လွှဲပြောင်းရန်ကျန်ရှိနေသည်ဟုဆိုသော ဒေသဖွံဖြိုးရေးရန်ပုံငွေများအား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ပြည်ထောင်စုထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သစ်ထံ လွှဲပြောင်းရန်ကျန်ရှိနေသည်ဟုဆိုသော ဒေသဖွံဖြိုးရေးရန်ပုံငွေများအား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ပြည်ထောင်စုထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရ
Reviewed by Ar Ti
on
10:55 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment