နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပေးရန် အစိုးရကို နိုင်ကျဉ်းအဖွဲ့တိုက်တွန်း
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ်အ မြန်ဆုံးပေါ်ပေါက်နိုင်ရေး အစိုးရ က တာဝန်ပေးသည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်နေသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အ စိုးရကို တိုက်တွန်းကြောင်း နိုင်ငံ ရေးအကျဉ်းသားဟောင်းများက မေလ ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
ထို့အပြင် တရားဝင်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ညီညွတ် သောနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် နိုင်ငံရေးအရ တရားရင်ဆိုင်နေရသူများ၏ အမှု များကို ပိတ်သိမ်းပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တိုက်တွန်းခဲ့ပြီး နိုင်ငံရေးအကျဉ်း သားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတို့အား ကုစားပေးသော ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးရေး ဆောလျင်စွာဆောင်ရွက်ရန် တောင်း ဆိုခဲ့သည်။
‘‘အဓိကတော့အစိုးရနဲ့အစ် ကိုတို့နဲ့ကြားမှာ အရင်အစိုးရ လက်ထက်ရော၊ အခုအစိုးရလက် ထက်မှာရော နိုင်ငံရေးအကျဉ်း သားဆိုတာမျိုးကို တိကျတဲ့ အ ဓိပ္ပာယ်ဖွင့်ဆိုချက်မရှိတဲ့အတွက် ကြောင့် သဘောထားကွဲလွဲမှုတွေ ခဏခဏဖြစ်ရတယ်။ အဲဒီအပေါ် မှာမူတည်ပြီးတော့ လက်လွတ်စ ပယ် ပြောဆိုမှုတွေအပေါ်မှာ လည်း ဒီဘက်မှာ ထိခိုက်နာကျင်ရ တဲ့ မိသားစုတွေရှိတယ်’’ ဟု နိုင် ကျဉ်းအဖွဲ့ ဦးဆောင်ကော်မတီ ဝင် ဦးတင်မောင်ဦးကပြောသည်။
နိုင်ကျဉ်းအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ‘မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးယုလွင်အောင်၏ လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသား မရှိကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟု မိမိကိုယ်ကိုယ်ခံယူပြီး ရာဇဝတ်မှုများဖြင့် အကျဉ်းကျနေသူများသာ ရှိသည် ဟူသော ပြောဆိုချက်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ လေးလေးနက်နက် ကန့်ကွတ်ပါ သည်’ ဟု ဖော်ပြပါရှိသည်။
ထိုသို့ ပြောဆိုခြင်းသည် လက်ရှိပကတိ အခြေအနေမှန်နှင့် နိုင်ငံတော်အနေဖြင့် နိုင်ငံရေးအ ကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုမှုတစ် ရပ်ပြုလုပ်ရန် ပျက်ကွက်နေမှုကို မျက်ကွယ်ပြုပြီး ပြောကြားခြင်းသာဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကဆိုသည်။
‘‘ပြီးခဲ့တဲ့နှစ် ၂၀၁၆ ဧပြီလ မှာ အစ်မကြီး ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်ဦးစီးပြီးတော့နိုင် ငံရေးအကျဉ်းသားတွေကို စိစစ်ပြီး တော့ တတ်နိုင်သရွေ့သူတို့ လွှတ်ပေးခဲ့ပြီးပြီဆိုတဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ထင်တယ်လို့ သုံးသပ်ပြတာ။ သို့သော် ကျွန်တော် အတိအကျပြောနိုင်တာက ကျွန်တော်စစ်ခဲ့တဲ့ ၁၂ ထောင် မှာ တော့မတွေ့ဘူးလို့ ပြောနိုင် တယ်။ ကျွန်တော်က အဲဒီလိုပြော လိုက်တဲ့ဟာကို ဟိုဘက်က မီဒီယာသမားအနေနဲ့ကျတော့ ကျွန်တော်စစ်တဲ့ ထောင် ၁၂ ထောင်ကိုအခြေခံပြီး ပြောတယ်လို့မရေး ဘဲနဲ့ ဗမာတစ်နိုင်ငံလုံးမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ရေးလိုက်တဲ့အတွက်ကြောင့် ဟိုဘက်က AAPP နဲ့ FPPS တို့ကကျွန်တော့်အပေါ်မှာ အခုလိုကန့်ကွတ်တယ်ဆိုတာကို ကျွန်တော်ကသဘောတူပါတယ်’’ ဟု ဦးယုလွင်အောင်ကကန့်ကွက်မှုနှင့်ပတ်သက်၍ တုံ့ ပြန်ပြောကြားသည်။
လက်ရှိအချိန်အထိ နိုင်ငံရေး အကျဉ်းသား ၉၀ ကျော်ကျန်ရှိနေပြီး နိုင်ငံရေးနှင့်ဆက်နွှယ်၍တရား ရင်ဆိုင်နေရသူ တစ်ရာကျော်ရှိ ကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအ သင်း (AAPP) မှသိရသည်။
7Day News Journal
Wednesday, May 17, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment