Latest News

Thursday, May 18, 2017

‘၀န်ကြီးချုပ်လမ်းကြောင်း’ကိစ္စ ဟိုတယ်ဘက်မှ ဦးဖြိုးမင်းသိန်းထံ တရားဝင် ရှင်းလင်းတောင်းပန်

‘၀န်ကြီးချုပ်လမ်းကြောင်း’ကိစ္စ ဟိုတယ်ဘက်မှ ဦးဖြိုးမင်းသိန်းထံ တရားဝင် ရှင်းလင်းတောင်းပန်

ဆူးလေရှန်ဂရီလာဟိုတယ်တွင် မေလ ၁၈ ရက် နံနက်ပိုင်းကပြုလုပ်သည့် အခမ်းအနားတခုသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းတက်ရောက်နေစဉ် လျှပ်စစ်မီး နာရီဝက်ကျော်ကြာ ပြတ်တောက်ခဲ့ရမှုအပေါ် တရားဝင် ရှင်းလင်းတောင်းပန်ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်တာဝန်ရှိသူတဦးက News Watch သို့ ပြောကြားသည်။

ဆူးလေရှန်ဂရီလာဟိုတယ်၌ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “Holistic Empowerment of SMES ”ဆွေးနွေးပွဲ ကျင်းပစဉ် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မိန့်ခွန်းပြောနေစဉ် လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

“မနေ့တုန်းက မနက် ၉ နာရီ ၁၅ လောက်မှာ လျှပ်စစ်မီး စပျက်တာပေါ့နော်။ မီးပြတ်တော့ အစ်မတို့ ထုံးစံအတိုင်း မီးစက်နှိုးပါတယ်။ ဖြစ်ချင်တော့ ၁၇ ရက်နေ့ ညတုန်းက မီးမလာတဲ့ မီးစက်ကို အစ်မတို့ တညလုံး မောင်းထားရတယ်။ အခု ပြန်နှိုးတဲ့အချိန်မှာ မီးစက်က ချို့ယွင်းမှုဖြစ်လို့ နာရီဝက်လောက် အချိန်ကြာသွားတာပါ။ တခါမှလည်း ဒီလိုမဖြစ်ဘူးပါဘူး။ ၀န်ကြီးချုပ်ကိုလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြစ်ရတဲ့အကြောင်းအရင်းကို အစ်မတို့ဘက်က တရားဝင် ရှင်းလင်းတောင်းပန်ပြီးပါပြီ။ ၀န်ကြီးချုပ်ကလည်း ဘာမှမပြောပါဘူး”ဟု ဆူးလေရှန်ဂရီလာဟိုတယ် Communication Department မှ တာဝန်ရှိသူတဦးက မေ ၁၉ တွင် ပြောသည်။

ဝန်ကြီးချုပ်တက်ရောက်စဉ် လျှပ်စစ်မီးပြတ်တောက်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒါဝန်ကြီးချုပ်လမ်းကြောင်း မီးပြတ်လို့ မရဘူး”ဟု အမျိုးသမီးတဦးကို ပြောဆိုနေသည့် ဗီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

နှင်းမောင်ဦး(Newn Watch)

No comments:

Post a Comment