ထွေအုပ်ဝန်ထမ်း ၃၇၀ ကျော်ကို တိုင်းနှင့် ပြည်နယ်လွှတ်တော်ရုံးများသို့ြေေပြောင်းရေ
ွှ့
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း ၃၇၂ ဦးကို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်ရုံး ဝန်ထမ်းများအဖြစ် ပြောင်းရွှေ့ခန့်ထားခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ၏ ခွင့်ပြုချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်ရုံးက မေလ ၉ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ် ပြန်ခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်ရုံး များသို့ ပြောင်းရွှေ့ခြင်းကို ပြည် ထောင်စုလွှတ်တော်ရုံး စီမံ/ ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်သိန်းက အတည်ပြုပြီး ရုံးလုပ်ငန်းပိုင်းဆိုင်ရာများ ဆက် လက်ဆောင်ရွက်ရန်ရှိနေ၍ အ သေးစိတ်အခြေအနေကို လတ် တလော ရှင်းမပြနိုင်သေးကြောင်း ပြောကြားသည်။
ပြောင်းရွှေ့သည့် ဝန်ထမ်း များသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် လွှတ်တော်ရုံးများရှိ လစ်လပ်နေ သော လစာနှုန်းထားတူ ရာထူးနေ ရာများသို့ တာဝန်ဝတ္တရားများ စတင် ထမ်းဆောင်သည့်နေ့က စ၍ ပြောင်းရွှေ့ခန့်ထားကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး၏ ညွှန်ကြားစာတွင် ဖော်ပြထား သည်။
လွှတ်တော်က သီးခြားရပ် တည်ရန် ဝန်ထမ်းအသစ်မခေါ်ယူ ဘဲ ကာယကံရှင်ဝန်ထမ်းများ၏ သဘောထားကို မေးမြန်းကာ ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
လွှတ်တော်တွင် တာဝန် ထမ်းဆောင်နေဆဲ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ အပြီးသတ်ပြောင်းရွှေ့လာ ခြင်းသည် လွှတ်တော်ဆိုင်ရာ ရုံးလုပ်ငန်းများ ယခင်ထက် ပိုမို ကောင်းမွန်လာနိုင်ကြောင်း နိုင်ငံ ရေးလေ့လာသူများနှင့် လွှတ် တော်ကိုယ်စားလှယ်များက သုံး သပ်သည်။
‘‘ပြည်သူ့လွှတ်တော်တို့၊ ပြည်ထောင်စုလွှတ်တော်တို့မှာ ကိုယ့် ဝန်ထမ်းနဲ့ကိုယ်ရှိတယ်။ တိုင်း ဒေသကြီး လွှတ်တော်မှာကျတော့ ထွေအုပ်ဝန်ထမ်းတွေ ခေါ်ခန့်ရတဲ့ အခါမှာ ပြီးခဲ့တဲ့ကာလတုန်းကဆို ရင် လွှတ်တော်နဲ့ ကျင့်သားရသွား တဲ့အချိန်မှာ တခြားသူနဲ့လဲသွား တာမျိုးတွေရှိတော့၊ ပုံမှန်လုပ်ထုံး လုပ်နည်း နည်းနာတွေ မသိကြ တော့ အစကနေ ပြန်ပြီးသင်ပြ နေရတာမျိုးတွေ ရှိခဲ့တယ်။ အခု လိုဆိုတော့ လုပ်ငန်းပိုင်းဆိုင်ရာ ပိုချောမွေ့သွားတယ်။ ပိုကောင်း သွားတယ်’’ဟု ကွမ်းခြံကုန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုးသူရထွန်းက ပြော သည်။
ခရမ်းမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းဇော်လတ်က လည်း ထွေအုပ်ဝန်ထမ်းအဖြစ်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်ရုံးဝန်ထမ်းများအဖြစ် သတ် သတ်မှတ်မှတ် တာဝန်ထမ်း ဆောင်ကြမည်ဖြစ်၍ လွှတ်တော် ရုံးဆိုင်ရာ လုပ်ငန်းများ ပိုမို ကောင်းမွန်လာနိုင်သည်ဟု ဆို သည်။
‘‘လွှတ်တော်အနေနဲ့ သူ့လူ သူ့ဝန်ထမ်းနဲ့ Run မှ Professionalပိုဖြစ်လာမှာ။ အခုက ထွေအုပ်က ယန္တရားတွေ အကုန်လုံးထဲ သူ့လူ တွေနဲ့ Run ထားတာ။ သူက လက်ဝါးကြီးအုပ်ထားသလိုဖြစ် နေတယ်။ ကျွန်တော့်အမြင် လွှတ် တော်မှာရှိတဲ့ ထွေအုပ်ဝန်ထမ်း တွေက အတော်အဆင်ပြေပါ တယ်။ ဒါပေမဲ့ အရေးရယ်အ ကြောင်းရယ်ဆို သစ္စာစောင့်သိမှု က ပြဿနာရှိမယ်ထင်တယ်။ သူ တို့ရဲ့ တကယ်တာဝန်ခံရမှာ လွှတ်တော်မဟုတ်ဘဲ ထွေအုပ်ဆိုရင် အရေးအကြောင်းဆို ပြဿနာရှိ နိုင်တယ်’’ဟု တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့မှ ဦးရဲမျိုးဟိန်းက သုံးသပ်ပြောကြားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment