Wednesday, May 24, 2017
စစ်တွေမြို့နယ်တွင် ဆိုလာပစ္စည်းအရောင်းဆိုင်မှ ဝါယာရှော့ခ်ဖြစ်ကာ ဈေးဆိုင်(၃၆)ခုနှင့် နေအိမ်(၁၁)လုံး မီးလောင်ပျက်စီး
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာအနီး၊ ဘင်္ဂလီဈေးဆိုင်တန်းရှိ ဆိုလာ ပစ္စည်းအရောင်းဆိုင်တစ်ခုတွင် မေ ၂၃ ရက် ည(၁၀)နာရီ(၁၅)မိနစ်ခန့်က ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်း ခြင်းကြောင့် အနီးရှိ ဈေးဆိုင်နှင့် နေအိမ်များပါ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
“ဆိုလာရောင်းတဲ့ ဦးလိုလီယာဆိုင်ကနေ စလောင်တာပါ။ ဝါယာကြိုး အပူလွန်ကဲရာကနေ မီးလောင်တာပါ။ ဆိုင်ခန်း(၃၆)ခန်းနဲ့ နေအိမ်က(၁၁)လုံး မီးထဲပါသွားတယ်။ ဆုံးရှုံးမူတန်ဖိုးက တွက်နေတုန်းပါ။ ထိခိုက်ဒဏ်ရာရ သူ၊ သေဆုံးသူတွေတော့ မရှိပါဘူး။”ဟု စစ်တွေမြို့နယ် မီးသတ်ဦးစီမှုး ဦးဖြူချေက ပြောသည်။
အဆိုပါ မီးလောင်မူကို စစ်တွေမြို့နယ်၊ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၄)စီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ည(၁၀)နာရီ၊ မိနစ်(၃၀)ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ ကုန်စုံဆိုင်၊ အထည်ဆိုင်၊ အသီးအနှံဆိုင်များနှင့် နေအိမ်များ ပျက်စီးခဲ့ခြင်းကြောင့် မီးစတင်လောင်ကျွမ်းရာ ဆိုလာဆိုင်ပိုင်ရှင် ဦးလိုလီယာအား မီးပေါ့ဆမူပုဒ်မ ၂၈၅ ဖြင့် အမူဖွင့်ထားကြောင်း စစ်တွေမြို့နယ်မီးသတ်စခန်းမှ သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
စစ်တွေမြို့နယ်တွင် ဆိုလာပစ္စည်းအရောင်းဆိုင်မှ ဝါယာရှော့ခ်ဖြစ်ကာ ဈေးဆိုင်(၃၆)ခုနှင့် နေအိမ်(၁၁)လုံး မီးလောင်ပျက်စီး
Reviewed by timeayeyar
on
4:49 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment