ရန်ကုန်တိုင်းအတွက် အခွန်နှစ်သစ်ကြွေး ကျပ် ၉၀ ဘီလီယံရ
ရန်ကုန်၊ ဧပြီ ၃၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေနှင့် မော်တော်ယာဉ်တို့မှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အတွင်းက ပေးဆောင်ရန် ကျန်ရှိသည့် အကြွေး (နှစ်သစ်ကြွေး) ကျပ် ၉၀ ဘီလီယံခန့်အထိ ကောက်ခံရရှိပြီ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
လတ်တလော အဆိုပါ နှစ်သစ်ကြွေးများကို ယခုဘဏ္ဍာနှစ်အတွင်း ဆက်လက်ကောက်ခံလျက် ရှိပြီး ထိုအကြွေးများ ကောက်ခံပြီးမှသာ အခွန်သစ်ကို ဆက်လက်ကောက်ခံမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
“နှစ်သစ်ကြွေးက အကျေရတာ များပါတယ်။ ရအောင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ မရရအောင် ကောက်ရတယ်။ တစ်နှစ် တစ်နှစ် ကြွေးတွေကျန်သွားရင် များသွားပြီး မပေးနိုင်တော့မှာစိုးလို့” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းအတွက် ကျပ် ၆၆၈ ဘီလီယံ လျာထားခဲ့ပြီး ကျပ် ၇၅၄ ဘီလီယံ ကောက်ခံရရှိခဲ့ကာ ယခုဘဏ္ဍာနှစ်အတွက် ကျပ် ၇၀၁ ဘီလီယံ ကောက်ခံရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment