နေပြည်တော်မှာ လေပြင်းတိုက်ခံရတဲ့ နေအိမ် ၇ဝ ကျော်ကို ထောက်ပံ့ငွေပေး
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မနေ့ညနေက လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေ ၇၈ လုံးအတွက် ငွေကျပ် ၆၂ သိန်းကျော်အပါအဝင် ပစ္စည်း ၁၆ မျိုးကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ခဲ့ပါတယ်။
ပြင်ပအလှူရှင်တွေလည်း လာရောက်ကူညီဖို့တွေရှိတယ်လို့ ဗုဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ်(ခ) ဦးရည်မွန်က ပြောပါတယ်။
"ပြင်ပအလှူရှင်တွေက လာပါလိမ့်မယ်၊ ဒီနေ့က ကျနော်တို့ ကျည်တောင်ကန်က လူမှုကူညီရေးအစီအစဉ် တချို့တော့ စပြီးလာနေပါပြီ၊ ရေလာလှူတဲ့ အစီအစဉ်မျိုးတွေပေါ့ဗျာ၊ နောက်ထပ် ကျနော်တို့ ပစ္စည်းတို့ ဆန်တို့ ဒါမျိုးလေးတွေ ကူညီမဲ့သူလည်းရှိပါတယ်၊ လိုအပ်ချက်ကတော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ထူထောင်နိုင်တဲ့လိုအပ်ချက်က အဓိကဖြစ်ပါတယ်"
လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပုဗ္ဗသီရိမြို့နယ်အတွင်းက ကျောက်စရစ်ကုန်း၊ ငါးဇင်းအင်း၊ အင်ကြင်းစုနဲ့ ဇလုတ်ကြီးကျေးရွာက လူနေအိမ်တွေ ပျက်စီးခဲ့တာဖြစ်ပါတယ်။
လူသေဆုံးတာတွေ မရှိခဲ့ပေမယ့် အိမ်ခြေ ၄ လုံးထက်မနည်းကတော့ တဟ်အိမ်လုံးနီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူကယ်ပြန် ဝန်ကြီးဌာနက ကျားလုံခြည်၊ မလုံခြည်၊ တဘတ်၊ စောင်၊ ဖျာ၊ ဇလုံအပါအဝင် ပစ္စည်း ၁၆ မျိုး၊ တစ်ပတ်စာ ဆန်ဖိုး၊ ပျက်စီးမှုပေါ်မူတည်ပြီး အိမ်ပြင်ဆင်ဖို့ တသိန်းထက် မများတဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။
Photo: Win Ko Ko Latt/RFA
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment