Latest News

Friday, May 5, 2017

ဦးဘုန်းမော်ရွှေမှ ယမန်နေ့က ကျပ်သိန်းသုံးထောင် လွှဲ၊ ယနေ့ ကျပ်သိန်းငါးထောင် ထပ်မံလွှဲပေးမည်

ဦးဘုန်းမော်ရွှေမှ ယမန်နေ့က ကျပ်သိန်းသုံးထောင် လွှဲ၊
ယနေ့ ကျပ်သိန်းငါးထောင် ထပ်မံလွှဲပေးမည်

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းခဲ့သော ရန်ပုံငွေများမှ ကျပ်သိန်းသုံးထောင်အား  မေ ၄ ရက် နေ့လယ် ၁ နာရီခန့်က မကွေး တိုင်းဒေသကြီး အစိုးရသို့ လာရောက်ပေးအပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

''ဒီနေ့ နေ့လယ် ၁ နာရီခန့်က ယခင် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေကနေ ကိုယ်စားလှယ်ခန့်အပ်ထားတဲ့ ဦးကြည်ထွန်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ MD ထဲကို မြန်မာ့ စီးပွားရေးဘဏ်မှတဆင့် လွှဲအပ်ခဲ့ပါတယ်။ သူတို့ အပ်မယ့်အခါတိုင်း ဖုန်းနဲ့ဆက်သွယ်  ပြောပါတယ်''ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးထူးဝေက News Watch  သို့ ပြောသည်။

မကွေးတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းခဲ့သည်ဆိုသော မော်တော်ယာဉ် လေးစီး၊ Wheel Loader တစီး၊ ပဲ့ထောင် ရေယာဉ်နှစ်စီးတို့အား ဧပြီ ၃၀ ရက် ညနေ ပိုင်းခန့်က လက်ရှိမကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ပြီးဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံ ကျော်အနက် သိန်း ၅၀၀၀ ကျပ်အား ပထမအရစ်အနေဖြင့် မေပထမပတ်တွင် ပေးအပ်မည်ဖြစ်ရာ ယနေ့ ကျပ်သိန်းသုံးထောင် လာရောက်အပ်နှံခြင်းဖြစ်သည်။

''သူတို့ပေးထားတဲ့ ကတိအတိုင်း မေလပထမအပတ် ဒီနေ့ ကျပ်သိန်းသုံးထောင်လွှဲတယ်။ မနက်ဖြန်ကိုလည်း သိန်းငါးထောင် ထပ်လွှဲမယ်လို့ ဦးကြည်ထွန်းက ပြောပါတယ်'' မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းဒေသကြီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၀န်ကြီး ဦးနေမျိုးကျာ်က News Watch သို့ ပြောသည်။ ကျန်ရှိငွေများမှာ လုပ်ငန်းလုပ်ကိုင်ထားသည့်အတွက် ပြန်လည်ကောက်ခံပြီး ဇူလိုင်လတတိယပတ်တွင် ပြန်လည်ပေးသွင်းသွားမည်ဖြစ်ကြောင်း ဦးဘုန်းမော်ရွှေက အကြောင်းပြန်စာပေးပို့ကတိပြုထားကြောင်း မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံက သိရသည်။      

မျိုးလှိုင်ဝင်း (ငဖဲ)
News Watch

No comments:

Post a Comment