ကျိုင်းတုံမြို့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်တွေ ပြုလုပ်ရာမှာ ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ ဆို
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မှာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်တွေ ပြုလုပ်ပေးတဲ့အခါမှာ ငွေကြေးတောင်းခံမှုတွေရှိနေတယ်လို့ မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဦးတင်ကိုက ပြည်နယ်အစိုးရအဖွဲ့က ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်နဲ့တွေ့ဆုံတဲ့အချိန်မှာ ပြောဆိုလိုက်ပါတယ်။
တစ်ချို့ပြည်သူတွေအနေနဲ့ မှတ်ပုံတင်ပြုလုပ်မယ်ဆိုရင် လူတစ်ယောက်ကို ကျပ်ငွေ(၅)သောင်းပေးနေရတယ်လို့ကြားရပြီး ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ မမှန်မကန် အဂတိလိုက် အကျင့်ပျက်ခြစားမှုတွေ ကင်းရှင်းအောင်ဆောင်ရွက်ပေးစေလိုတယ်လို့ ဦးကိုကိုဝင်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကျိုင်းတုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက အရာရှိတစ်ယောက်ကတော့ မှတ်ပုံတင်လုပ်လို့ ငွေကြေးအပိုကောက်ခံမှုရှိခဲ့တယ်ဆိုရင် ဓာတ်ပုံ၊ အသံဖိုင်၊ စာရွက်အ ထောက်အထား ခိုင်ခိုင်လုံလုံနဲ့တိုင်ကြားနိုင်ပြီး အထောက်အထားမရှိဘဲ ပြောဆိုတာတွေကိုတော့မလုပ်သင့်ဘူးလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အရပ်ဖက်လူမှု ရေးအသင်းအဖွဲ့တွေ၊ မြို့မိမြို့ဖတွေ၊ ဒေသနေပြည်သူတို့ဟာ မြို့တော်ခန်းမမှာ မေ ၁၂ ရက်နေ့က လူထုတွေ့ဆုံမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Duwun
Friday, May 12, 2017
ကျိုင်းတုံမြို့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်တွေ ပြုလုပ်ရာမှာ ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ ဆို
ကျိုင်းတုံမြို့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်တွေ ပြုလုပ်ရာမှာ ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ ဆို
Reviewed by Ar Ti
on
10:37 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment