Latest News

Friday, May 12, 2017

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံထားရသော ၀င်းကိုကိုလတ်အပါအ၀င် အမျိုးသားရေးလှုပ်ရှားသူ ၄ ဦး အာမခံ မရ

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံထားရသော ၀င်းကိုကိုလတ်အပါအ၀င် အမျိုးသားရေးလှုပ်ရှားသူ ၄ ဦး အာမခံ မရ


မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း အမေရိကန်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးအား ယနေ့ (မေ ၁၂) တွင် ကမာရွတ်မြို့နယ်တရားရုံးက အာမခံပယ်ချခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က ဆန္ဒထုတ်ဖော်မှုအတွက် ငြိမ်းစုစီပုဒ်မ ၁၉ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့်တရားစွဲဆိုထားခဲ့ခြင်းဖြစ်ပြီး တရားခံများဘက်မှ အမှုအတွက် အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်ပြီး အဆိုပါ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည်။

တရားစွဲဆိုခံရသူတဦးဖြစ်သည့် အမျိုးသားရေးလှုပ်ရှားသူ ကိုဝင်းကိုကိုလတ်က တရားရုံးမှအထွက်တွင် ‘မြန်မာပြည်မှာ ရိုဟင်ဂျာမရှိ၊ ဘင်္ဂါလီက ဘင်္ဂါလီပဲ’ဟု အော်ဟစ်ပြောဆိုခဲ့သည်။

တရားဆွဲဆိုခံထားရသူ အချို့သည် တရားရုံးသို့မ၀င်မီ ၀န်းရံ သံဃာတော်အချို့အား တရားရုံးရှေ့၌ ရှိခိုးကန်တော့ခဲ့ကြသေးသည်။

အမေရိကန်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲဆိုခံရရာတွင် ပါဝင်သူ ဆရာတော်ဦးပါမောက္ခနှင့် အခြားသံဃာနှစ်ဦးကမူ သံဃနာယကအဖွဲ့၏ ညွှန်ကြားစာပါမှသာ တရားရုံးသို့ လာရောက်ဖြေရှင်းမည်ဟုပြောဆိုထားပြီး မေလ ၁၂ ရက်တွင်လည်း တရားရုံးသို့ မတက်ရောက်ခဲ့ပေ။

နောင်နောင်(NewsWatch)

No comments:

Post a Comment