Latest News

Thursday, May 11, 2017

ဖောင်ဒေးရှင်း အဟောင်းမှ ရန်ပုံငွေ ၅ ဒသမ၂ ဘီလျံကို ဖောင်ဒေးရှင်း အသစ်သို့ လွှဲပြောင်းပေးခြင်းသာဖြစ်ပြီး ယခင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းနှင့် သက်ဆိုင်ခြင်း မရှိဟု ရှင်းလင်း

ဖောင်ဒေးရှင်း အဟောင်းမှ ရန်ပုံငွေ ၅ ဒသမ၂ ဘီလျံကို ဖောင်ဒေးရှင်း အသစ်သို့ လွှဲပြောင်းပေးခြင်းသာဖြစ်ပြီး ယခင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းနှင့် သက်ဆိုင်ခြင်း မရှိဟု ရှင်းလင်း

ယခင် ဧရာဝတီ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းမှ ရန်ပုံငွေ ၅ ဒသမ ၂ ဘီလျံကို ဖောင်ဒေးရှင်း အသစ်ဖြစ်သည့် ဧရာဝတီ ပညာ ကျန်းမာ ဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းသို့ တရားဝင်လွှဲပြောင်း ပေးခဲ့ခြင်းသာဖြစ်ပြီး ယခင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပုသိမ်မြို့ အမှတ် (၂) ရပ်ကွက် ဧရာဝတီ ကုန်စည်ဒိုင်ဝန်း အတွင်းရှိ ဧရာဝတီ ပညာကျန်းမာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ် ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနမှ မေလဆန်းပိုင်းက ဧရာဝတီပညာ ကျန်းမာ ဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၏ ဆောင်ရွက်ချက်များ၊ ငွေစာရင်းနှင့် ဖွဲ့စည်းပုံတို့ကို တင်ပြရန် အကြောင်းကြား လာသဖြင့် ဖြေရှင်းခဲ့ပြီး ဖြစ်ကြောင်းနှင့် သတင်းစာများ၊ Facebook တို့တွင် ရေးသားနေသည့် အချက်များ မှားယွင်းနေသဖြင့် ပြည်သူများ အမှန်အတိုင်း သိရှိစေရန် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်ကြောင်း ဧရာဝတီ ပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“ဖောင်ဒေးရှင်း တစ်ခုကနေ တစ်ခုကို လွှဲပြောင်းလှူဒါန်းခြင်းသာ ဖြစ်တယ်။ အစိုးရအဖွဲ့နဲ့ သက်ဆိုင်ခြင်း မရှိဘူး။ အစိုးရတစ်ရပ် အနေနဲ့ သီးခြားရန်ပုံငွေ ထားလို့မရဘူး။ ကျွန်တော်တို့ ဖောင်ဒေးရှင်းအသစ်ကို စာရင်းဇယား စာချုပ်စာတမ်းနဲ့ ဒီငွေတွေကို လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်။ ဒီငွေတွေဟာ လုပ်ငန်းရှင်တွေ ဖောင်ဒေးရှင်းကို စိတ်ပါဝင်စားတဲ့ လူတွေက လှူဒါန်းခဲ့တဲ့ေ ငွတွေဖြစ်တယ် ဘယ်သူ့ဆီက ဘယ်လောက် ဆိုတာကတော့ အရင်ဖောင်ဒေးရှင်းက ဖြစ်တဲ့အတွက် ကျွန်တော်မသိပါဘူး။ အားလုံး ၅ ဒသမ ၂ ဘီလျံ ဖြစ်ပါတယ်” ဟု ဧရာဝတီ ပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဖောင်ဒေးရှင်းရန်ပုံငွေ ၅ ဒသမ ၂ ဘီလျံမှ လက်ငင်းငွေသား ၃ ဒသမ ၄၉ ဘီလျံကို AYA၊ AGD၊ UAB၊ A Bank တို့တွင် အပ်နှံထားပြီး ၁ ဒသမ ၂၇ ဘီလျံကို လုပ်ငန်းရှင် ရှစ်ဦးအား အကျိုးတူစီးပွားရေး လုပ်ဆောင်ရန် ရင်းနှီးထားကြောင်း၊ ပညာရေးအတွက် သိန်း ၅၀၀ ကျော်၊ ရေဘေး၊ လေဘေးတို့တွင် သိန်း ၅၀၀ ကျော်နှင့် ကျန်းမာရေးအတွက် လှူဒါန်းမှုများ ပြုလုပ်ထားကြောင်း၊ စုငွေမှ ရရှိသည့် ဘဏ်တိုးနှင့် အကျိုးတူ လုပ်ငန်းများမှ တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀/၅၀၀ ခန့် ရရှိကြောင်း ရှင်းလင်းပြောကြားချက်များအရ သိရသည်။ ဒုတိယအကြိမ် ဧရာဝတီတိုင်း ဒေသကြီးတွင် ဖျာပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက တိုင်းဒေသကြီး ရန်ပုံငွေများကို စနစ်တကျ လွှဲပြောင်းပေးခဲ့ခြင်း ရှိ မရှိ သိရှိလိုကြောင်း မေးခွန်း မေးမြန်းခဲ့သည်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းစာရင်းစစ်ချုပ်သို့ စစ်ဆေးပေးရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက လွှတ်တော်တွင် ပြန်လည် ဖြေကြားထားသည်။

ဧရာဝတီ ပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းသို့ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ စာရင်းများ စစ်ဆေးနိုင်ရန် အကြောင်းကြားထားခြင်း မရှိကြောင်း ၎င်းဖောင်ဒေးရှင်းမှ သိရသည်။

Eleven Media Group

No comments:

Post a Comment