ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေရခြင်း၏ ရည်ရွယ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်သည်ဟု ဦးဝင်းထိန် ပြောကြား
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နေရခြင်း၏ ရည်ရွယ်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်သည်ဟု ဦးဝင်းထိန်က The Ladies News သို့ ပြောကြားသည်။
အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD ပါတီမှ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကို မေးမြန်းရာတွင် ၄င်းက ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီးတော့ အခြေခံ ဥပဒေပြင်ဆင်ဖို့ ဆိုတာ အရင် လွှတ်တော်ကတည်းက ကြိုးစားခဲ့တယ်။ လုပ်တယ်။ အခုလည်း လုပ်နေတယ်။ ငြိမ်းချမ်းရေးအတွက် လုပ်တဲ့အခါမှာ လက်နက် ကိုင် တိုင်းရင်းသား တွေရယ်၊ နောက်ပြီးတော့ တိုင်းရင်းသား ပါတီတွေ ရယ်၊ တပ်မတော်ရယ် အားလုံးလုပ်နေတဲ့ ရည်ရွယ်ချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အဲဒီပြင်ဆင်ရေးက ဘာကို ဦးတည်လဲဆိုရင် မြန်မာနိုင်ငံ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရေး” ဟု ၄င်းက ပြောသည်။
NLD ၏ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟူ၍ အခြေခံ ဥပဒေပြင်ဆင်ရေးကို အဓိက လုပ်ဆောင် မည်ဟု ဦးစားပေး ကဏ္ဍတွင် ဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ပုဒ်မ ၄၃၆ တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားသည်။
The Ladies News
Saturday, May 13, 2017
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေရခြင်း၏ ရည်ရွယ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်သည်ဟု ဦးဝင်းထိန် ပြောကြား
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေရခြင်း၏ ရည်ရွယ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်သည်ဟု ဦးဝင်းထိန် ပြောကြား
Reviewed by Ar Ti
on
6:13 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment