ကျောင်းကားစနစ်တွင် အသုံးပြုမည့် ကုမ္ပဏီကားများ အသင့်မဖြစ်မီ ကာလအတွင်း ယခင်အသုံးပြုနေသည့် နောက်ပွင့်ကားများ ခွင့်ပြုမည်ဟုသိရ
ကျောင်းကားစနစ်တွင် အသုံးပြုမည့် ကုမ္ပဏီကားများ အဆင်သင့် မဖြစ်ခင်ကာလအတွင်း ယခင်က အသုံးပြုနေသည့် နောက်ပွင့်ကားများ ခွင့်ပြုပေးမည်ဟု သိရသည်။
“ရန်ကုန်တိုင်းက သူတို့သတ်မှတ်ထားတဲ့ ကုမ္ပဏီကကားက အဆင်သင့် မဖြစ်သေးတဲ့အတွက် လောလောဆယ်တော့ ကျောင်းဖွင့်ဖွင့်ချင်း နောက်ဖွင့်ကားများကို ယခင်အတိုင်း ပြေးဆွဲခွင့်ပြုမယ်။ ဒါပေမဲ့ မှာယူထားတဲ့ကားတွေ Run လို့ မရခင်အထိပဲ ခွင့်ပြုမယ်။ အဲဒါကိုတော့ သဘောပေါက်ပါဆိုပြီး ခွင့်ပြုလိုက်တာ” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
လိုက်ထရပ်ကဲ့သို့သော နောက်ပွင့်ကားများ တိုင်းဒေသကြီး အစိုးရက ပြေးဆွဲခွင့် မပြုတော့ခြင်းကြောင့် Super Custom ကဲ့သို့သော ကားပိုင်ရှင်များက ဈေးနှုန်းများတိုးမြှင့် တောင်းဆိုမှုများကြောင့် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထိုကဲ့သို့ ကျောင်းကားစနစ်အတွင်း အသုံးပြုမည့်ကားများ အဆင်သင့် မဖြစ်သေးခင် ကာလအတွင်း ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေစေရန်အတွက် ဒဂုံမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများသည် မေ ၁၈ ရက်က တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
“လောလောဆယ်တော့ နောက်ဖွင့်ကားလေးတွေ၊ ကျောင်းသားမိဘတွေအတွက် အဆင်ပြေသွားတာပေါ့။ ပေါင်မုန့်ကားက ငှားရတာ ဈေးတွေကြီးနေပြီလေ။ အရင်ပုံစံအတိုင်း အချိန်ကန့်သတ်ချက်ပေါ့။ ဟိုကားတွေ မရောက်ခင်ပေါ့။ လုံးလုံးလျားလျားကြီးတော့ ခွင့်ပြုမှာ မဟုတ်ဘူး။ ဟိုကားတွေ အဆင်သင့်ဖြစ်တယ် ဆိုရင်တော့ သူတို့ ခွင့်မပြုတော့ဘူး” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
ယခုနှစ် ကျောင်းဖွင့်ရာသီတွင် စတင်တော့မည့် ရန်ကုန်ကျောင်းကား စနစ်အတွင်း ယခင်ပြေးဆွဲသည့် ကျောင်းကားများ ဆက်လက်ပြေးဆွဲမည် ဆိုပါက YRTA သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းကားကိစ္စနှင့် ပတ်သက်ပြီး မေ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အစိုးရမှ တင်သွင်းမည့်ကျောင်းကား အစီး ၂၀၀ သည် ယခင်က ကျောင်းပေါင်း ၂၆ ကျောင်းအတွက် ရည်ရွယ်ထားသော်လည်း လက်ရှိတွင် ကျောင်းပေါင်း ၂၂ ကျောင်း အတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀ယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ ကို ကျောင်းကား ပြေးဆွဲမည့်သူများ ပြန်လည်ဝယ်ယူမည် ဆိုပါက အခွန်အခ သက်သာမည့်အပြင် ဘဏ်များဖြင့် ချိတ်ဆက်ကာ ချေးငွေဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
Friday, May 19, 2017
ကျောင်းကားစနစ်တွင် အသုံးပြုမည့် ကုမ္ပဏီကားများ အသင့်မဖြစ်မီ ကာလအတွင်း ယခင်အသုံးပြုနေသည့် နောက်ပွင့်ကားများ ခွင့်ပြုမည်ဟုသိရ
ကျောင်းကားစနစ်တွင် အသုံးပြုမည့် ကုမ္ပဏီကားများ အသင့်မဖြစ်မီ ကာလအတွင်း ယခင်အသုံးပြုနေသည့် နောက်ပွင့်ကားများ ခွင့်ပြုမည်ဟုသိရ
Reviewed by Ar Ti
on
6:42 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment