Latest News

Tuesday, May 2, 2017

နူကလီယားစစ်ပွဲကို တွန်းပို့နေတယ်လို့ အမေရိကန်ကို မြောက်ကိုရီးယား စွပ်စွဲ

နူကလီယားစစ်ပွဲကို တွန်းပို့နေတယ်လို့ အမေရိကန်ကို မြောက်ကိုရီးယား စွပ်စွဲ

အမေရိကန်ပြည်ထောင်စုဟာ ကိုရီးယားကျွန်းဆွယ်ကို နူကလီယားစစ်ပွဲအတွင်း တွန်းပို့နေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြစ်တင်လိုက်ပါတယ်။

အမေရိကန်ဗုံးကြဲလေယာဉ်နှစ်စင်းနဲ့ တောင်ကိုရီးယားလေတပ်တို့ တနင်္လာနေ့က ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်အပြီး မြောက်ကိုရီးယားက ပြစ်တင်ပြောဆိုလိုက်တာပါ။

မြောက်ကိုရီးယားအစိုးရက နူကလီးယားစမ်းသပ်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောဆိုနေပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အခါအခွင့်သင့်တဲ့ အခြေအနေအချိန်အခါမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့တွေ့ဆုံဖို့ အသင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားကတော့ ထရမ့် နဲ့တကွ စစ်သွေးဆာနေကြသူ အမေရိကန်တွေဟာ မြောက်ကိုရီးယားကို နူကလီးယားလက်နက်အသုံးပြုပြီး လက်ဦးအောင် တိုက်ခိုက်မယ်လို့ ကြွေးကြော်နေကြချိန်မှာ၊ အမေရိကန် ဗုံးကြဲလေယာဉ်တွေက မြောက်ကိုရီးယားရဲ့ အဓိကနေရာတွေကို အနုမြူဗုံးကြဲဖို့ လေ့ကျင့်နေကြတာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
RFA

No comments:

Post a Comment