ဖားကန့်မှာ ၂၁ ပင်လုံ ထောက်ခံတဲ့ လှုပ်ရှားမှု ပြုလုပ်
နေပြည်တော်မှာ မနက်ဖြန်စတင်ပြုလုပ်မဲ့ ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်စေဖို့ ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်တင်လှုပ်ရှားမှုတရပ်ကို ဒေသခံ အရပ်ဘက် အဖွဲ့တွေက ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုတဝှမ်းလုံးမှာ ငြိမ်းချမ်းရေးအမြန်ဆုံးရရှိစေဖို့ ငြိမ်းချမ်းရေးမြတ်နိုးသူတွေက ပူးပေါင်းဆောင်ရွက်ကြတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် NLD ပါတီရုံးတာဝန်ခံ ဦးခင်မောင်ချင်းက RFA ကို ပြောပါတယ်။
ဆိပ်မူ၊ လုံးခင်း၊ ဖားကန့် စတဲ့ မြို့ရွာတွေက တံတားထိပ်တွေနဲ့ အများပြည်သူသွားလာမှုများတဲ့ ရပ်ကွက်တွေအနီးမှာ ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်တွေကို အခုရက်ပိုင်းအတွင်း စိုက်ထူနေတာဖြစ်ပါတယ်။
ဒီအတောအတွင်း ဒီကနေ့မနက်ပိုင်းမှာ လုံးခင်းရွာအဝင် ကျောက်ဖျာ နဲ့ လယ်ပြင်ဂိတ်အနီး ဒေသအခေါ် လွှစင်တောင်တဝိုက်က တောတောင်တွေဘက်မှာ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
လတ်တလောမှာ ဖားကန့်ဒေသ ကျေးရွာတချို့မှာလည်း အစိုးရတပ်မတော်က လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
Photo/Aung Myint Thu Facebook
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment