Latest News

Sunday, May 14, 2017

" သ မိုင်း ဝင် ဆုံး ဖြတ် ချက် ဖြစ် မ လား "

" သ မိုင်း ဝင် ဆုံး ဖြတ် ချက် ဖြစ် မ လား "

တိုင်း ဒေ သ ကြီး နဲ့ ပြည် နယ် ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ရေး ဆွဲ ခွင့် အား နေ ပြည် တော် တွင် မေ လ ၁၂ ရက် နေ့ က ပြု လုပ် တဲ့ ပြည် ထောင် စု ငြိမ်း ချမ်း ရေး ဆွေး နွေး မှု ပူး တွဲ ကော် မ တီ ( UPDJC ) အ စည်း အ ဝေး က သ ဘော တူ ခဲ့ ပါ တယ် ။

ဒီ ကိ စ္စ က မြန် မာ နိုင် ငံ ရဲ့ ၂၀၀၈ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ပြင် ဆင် ရေး အ တွက် ပ ထ မ ခြေ လှမ်း ဖြစ် လာ မ လား ဆို တာ လည်း စိတ် ဝင် စား စ ရာ ကောင်း လှ ပါ တယ် ။

ပြည် ထောင် စု အ ဖွဲ့ ဝင် ပြည် နယ် တွေ မှာ ပြည် နယ် တွင်း မှာ ကျင့် သုံး တဲ့ ဖွဲ့ စည်း ပုံ အ ခြေ ခံ ရွေး ခွင့် မ ပေး ဘူး ။ ဦး နု ခေတ် မှာ လည်း မ ရှိ ဘူး ၊ ဘယ် ခေတ် မှာ မှ မ ရှိ ဘူး ။ အ ခု ခေတ် ကျ တော့ ခွင့် ပြု လိုက် ပြီ ။ ဖွဲ့ စည်း ပုံ ရေး ဆွဲ ခွင့် ရ တာ အ ကျိုး ရှိ တယ် ။ ဖွဲ့ စည်း ပုံ ရေး ခွင့် ရှိ ခြင်း ဟာ ပြည် နယ် ရဲ့ ကိုယ် ပိုင် ပြ ဌာန်း ခွင့် ကို အ သိ အ မှတ် ပြု လိုက် တာ ပဲ လို့ ပ အိုဝ်း အ မျိုး သား လွတ် မြောက် ရေး အ ဖွဲ့ ချုပ် နာ ယ က ဦး ခွန် ဥ က္ကာ က ပြော ကြား ခဲ့ ပါ တယ် ။

" ကျွန် တော် တို့ ဒီ အ စည်း အ ဝေး ကြီး က သ ဘော တူ တာ ။ တ ကယ် အ တည် ပြု တာ က ညီ လာ ခံ ကြီး မှာ အ တည် ပြု ရ မှာ " လို့ နိုင် ငံ တော် အ တိုင် ပင် ခံ ဝန် ကြီး ဌာ န ညွှန် ကြား ရေး မှူး ချုပ် ဦး ဇော် ဌေး က ပြော ပါ တယ် ။

အ ခု ကိ စ္စ က ၂၀၀၈ ခု နှစ် မြန် မာ နိုင် ငံ တော် ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ နဲ့ ညိ စွန်း မှု ရှလား မ ရှိ ဘူး လား ဆို တဲ့ ကိ စ္စ တစ် ခု တော့ ဖြေ ရှင်း ရ လိမ့် မယ် လို့ ယူ ဆ တယ် ။ ဘာ ဖြစ် လို့ လဲ ဆို တော့ ဒီ ကိ စ္စ ကို ပြည် သူ့ လွှတ် တော် ကို တင် ပြ ပြီး အ တည် ပြု ချက် ရ ယူ ဖို့ လို နေ သေး လို့ ပါ ။

ဒီ ကိ စ္စ နဲ့ ပတ် သက် ပြီး တော့ လည်း ဦး ခွန် ဥ က္ကာ က

" ပြည် နယ် အ စိုး ရ က ဒီ ကိ စ္စ လုပ် ခွင့် ရှိ တယ် ၊ ပြည် နယ် လွှတ် တော် က ဒီ ဥ ပ ဒေ မျိုး ပြု နိုင် တယ် ၊ ပြည် နယ် ရဲ့ တ ရား ရုံး က ဒီ အ မှု မျိုး ဆုံး ဖြတ် နိုင် တယ် တို့ ထည့် ရေး ထား ရင် အဲ့ ဒါ က လည်း ပြည် ထောင် စု ဖွဲ့ စည်း ပုံ နဲ့ မ ဆန့် ကျင် ဘူး ဆို ရင် သူ့ ဖွဲ့ စည်း ပုံ က ပြော ထား တဲ့ အ တိုင်း အ တိ အ ကျ လုပ် နိုင် တယ် " လို့ ပြော ထား တယ် ။ ကြည့် ရ တာ တော့ ဘောင် ဝင် မယ် လို့ ယူ ဆ ရ တယ် ။

ပြည် သူ့ လွှတ် တော် မှာ မဲ ခွဲ ဆုံး ဖြတ် တဲ့ အ ခါ အ ခု ကိ စ္စ ကို ဥ ပ ဒေ တစ် ခု အ နေ နဲ့ တင် ပြ ဆွေး နွေး မှာ လား ၊ ၂၀၀၈ ခု နှစ် ဖွဲ စည်း ပုံ မှာ တိုး ချဲ့ ပြင် ဆင် တဲ့ ကိ စ္စ တစ် ခု အ နေ နဲ့ ဆွေး နွေး မှာ လာ ဆို တာ လည်း စိတ် ဝင် စား ဖို့ ကောင်း တယ် ။

ဥ ပ ဒေ ကြမ်း တစ် ခု အ နေ နဲ့ ဆို ရင် တော့ လွှတ် တော် ကိုယ် စား လှယ် တွေ ရဲ့ အ များ စု ပေး တဲ့ မဲ အ ရေ အ တွက် နဲ့ ဆုံး ဖြတ် နိုင် ပြီး ၂၀၀၈ အ ခြေ ခံ ဥ ပ ဒေ ကို တိုး ချဲ့ ပြင် ဆင် တဲ့ ကိ စ္စ ဆို ရင် တော့ အ ခြေ အ တင် ဖြစ် လာ နိုင် မယ် လို့ ထင် တယ် ။

ပြည် နယ် တွေ ကိုယ် ပိုင် ပြ ဌာန်း ခွင့် ရ ခဲ့ ပြီ ဆို ရင် ကျယ် ပြန့် တဲ့ ကိ စ္စ ရပ် တွေ ပါ လာ နိုင် တယ် ။ ဥ ပ မာ ပြည် နယ် အ တွင်း သွား လာ ခွင့် တွေ ၊ ပြည် နယ် ဖြတ် ကျော် သွား လာ ခွင့် တွေ ၊ အ ကောက် ခွန် ကိ စ္စ တွေ အ စ ရှိ သ ဖြင့် သ တိ ထား ရေး ဆွဲ ရ မယ့် အ ကြောင်း တွေ ရှိ လာ နိုင် ပါ တယ် ။

ပြည် နယ် တစ် ခု နဲ့ တစ် ခု လည်း မ တူ ညီ လို့ ပြ ဿ နာ လည်း မ တူ နိုင် သ လို ပြည် နယ် သား တွေ ရဲ့ သ ဘော သ ဘာ ဝ အ ပေါ် မူ တည် ပြီး မ တူ ညီ တဲ့ ကန့် သတ် ချက် တွေ ဖြစ် လာ လိမ့် မယ် ။ ဥ ပ မာ ရှမ်း ပြည် မှာ လူ မျိုး စု တွေ များ လို့ တစ် စု နဲ့ တစ် စု ညှိ ကြ ရ မယ့် အ ချိန် မှာ ရ ခိုင် နဲ့ ချင်း က ပြ ဿ နာ တစ် မျိုး ပုံ စံ ကို တွေ့ ရ နိုင် တယ် ။

အ မျိုး သား ရေး တွေ ရှေ့ တန်း သိပ် မ ရောက် လာ ကြ ဖို့ လို ပါ လိမ့် မယ် ။ ဗ ဟို အ စိုး ရ နဲ့ ဗ ဟို လွှတ် တော် ရဲ့ အ ဆုံး အ ဖြတ် က တော့ နောက် ဆုံး အ တည် ပဲ ဖြစ် ရ ပါ လိမ့် မယ် လို့ ထင် ပါ တယ် ။

အ ခု လို ပြည် နယ် အ တွင်း ကိုယ် ပိုင် ပြ ဌာန်း ခွင့် ပေး လိုက် ပြီ ဆို တာ နဲ့ ပြည် နယ် တွင်း လက် နက် ကိုင် တွေ ကိ စ္စ က အ ရေး ကြီး ဆုံး လို ဖြစ် လာ ပါ လိမ့် မယ် ။ ကိုယ် ပိုင် ပြ ဌာန်း ခွင့် ကို လက် နက် ကိုင် ပြီး ရေး ဆွဲ ခွင့် မ ရှိ စေ သင့် ပါ ။ ရှမ်း ပြည် လို လူ မျိုး စု ကော လက် နက် ကိုင် ကော များ ပြား တဲ့ ပြည် နယ် မျိုး မှာ လူ မျိုး စု တိုက် ပွဲ များ ပို မို ပြင်း ထန် လာ နိုင် ကြ ပါ လိမ့် မယ် ။

တ ကယ် လို့ အ ခု ကိ စ္စ က အ မှန် တ ကယ် အ ကောင် အ ထည် ပေါ် ခဲ့ ပြီ ဆို ရင် လက် နက် ကိုင် တွေ ဘာ ကိ စ္စ ကို ပြော ပြီး လက် နက် ဆက် ကိုင် ကြ မ လဲ ။ ဘယ် လို ပဲ ဖြစ် ဖြစ် လက် နက် ဆက် ကိုင် ကြ မယ် ဆို ရင် ဗ ဟို အ စိုး ရ ရယ် ၊ မြန် မာ့ တပ် မ တော် ရယ် က ဘယ် လို သ ဘော ထား မ လဲ  ဒါ လည်း စိတ် ဝင် စား ဖို့ ကောင်း တယ် ။

လက် နက် ကိုင် တွေ က အ တိုင်း အ တာ တစ် ခု အ ထိ ကာ ကွယ် ရေး အ တွက် လက် နက် ဆက် ကိုင် ထား ချင် တယ် ဆို လာ ရင် လည်း လက် ရှိ ဗ ဟို အ စိုး ရ ကို ကော မြန် မာ တပ် မ တော် ကို ကော မြန် မာ နိုင် ငံ ရဲ့ အ ချုပ် အ ခြာ အာ ဏာ အ ထိ အောင် နှောက် ယှက် လာ နိုင် လောက် တဲ့ " ဝ " လက် နက် ကိုင် UWSA လို အ ဖွဲ့ မျိုး က ဘယ် လို က ဏ္ဏ က ပါ လာ မ လဲ ဆို တာ ကော တွေ က ဆက် ကြည့် ရ မယ့် ဇာတ် လမ်း တွေ ပါ ပဲ ။

အ ခု သ ဘော တူ ညီ ချက် က အ ပြု သ ဘော ဆောင် ပါ တယ် ။ ဒီ က နေ တစ် ဆင့် မြန် မာ နိုင် ငံ ရဲ့ ၂၀၀၈ အ ခြေ ခံ ဖွဲ့ စည်း ပုံ ပါ လက် ရှိ အ ခြေ အ နေ တွေ နဲ့ မ ကိုက် ညီ တဲ့ ပြင် ဆင် လို နေ ကြ တဲ့ ဥ ပ ဒေ တွေ ပြင် ဆင် ဖို့ အ တွက် လည်း အ ထောက် အ ပံ့ ဖြစ် လာ စေ နိုင် မယ် လို့ ယူ ဆ လို့ ရ တယ် ။

ဒီ ကိ စ္စ ကို ကိုင် ကွယ် ရာ မှာ သ တိ ကြီး ကြီး ထား ရ လိမ့် မယ် လို့ လည်း မြင် ပါ တယ် ။

တစ် ချို့ ပြည် နယ် တွေ မှာ လူ မျိုး စု များ လို့ ပြ ဿ နာ ရှုတ် ထွေး နိုင် သ လို ရ ခိုင် လို လူ မျိုး စု မ များ တဲ့ ပြည် နယ် မှာ လည်း ခေါင်း ခဲ စေ စ ရာ တွေ အ များ အ ပြား ပေါ် လာ နိုင် ပါ တယ် ။ တာ ဝန် ယူ မယ့် လူ ကြီး တွေ အ မှန် တ ကယ် ပ ညာ ရှိ ဖို့ လို အပ် ပါ လိမ့် မယ် ။ * အ မှန် တ ကယ် ပ ညာ ရှိ တဲ့ လူ ကြီး တွေ ဖြစ် ဖို့ လို ပါ တယ် ။

အ ခု ပြည် နယ် တွေ ကို ကိုယ် ပိုင် ပြ ဌာန်း ဖို့ သ ဘော တူ လိုက် ပြီ ဆို တော့ နောက် တစ် ဆင့် လုပ် ဖို့ စောင့် ကြည့် ရ မှာ က လက် နက် ကိုင် တွေ အ လှည့် ဖြစ် သွား ပြီ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၃ ၊ ၅ ၊ ၂၀၁၇

                                                မိုး တင့် ဆွေ
                                              ၁၄ ၊ ၅ ၊ ၂၀၁၇
                                                တ န င်္ဂ နွေ ။

No comments:

Post a Comment