Latest News

Tuesday, May 9, 2017

လမ်းမ​​တော်​မြို့နယ်တွင် ကားထဲမှ ​ငွေကျပ်​ ၁၁ သိန်း ​အလစ်သုပ်ခံရမှုဖြစ်ပွား

လမ်းမ​​တော်​မြို့နယ်တွင် ကားထဲမှ ​ငွေကျပ်​ ၁၁ သိန်း ​အလစ်သုပ်ခံရမှုဖြစ်ပွား

ရန်ကုန်မြို့ လမ်းမ​တော်​မြို့နယ်​ လှည်းတန်းလမ်းနှင့်​ ၁၂ လမ်းကြားတွင်​ ကိုယ်​ပိုင်​ကားတ​စီးအတွင်းရှိ ငွေကျပ်​ ၁၁ သိန်း ​အလစ်သုပ်ခံရမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ (ယ​နေ့ ) ​မေ ၉ ရက်​​၊ ​နေ့လည်​ ၃ နာရီအချိန်​တွင်​ မိဘတဦးသည် မိမိက​လေးအား ကျူရှင်​သွားပို့ရာတွင် ကားတံခါးအား Lock မချဘဲထားခဲ့ပြီးအပြန်​တွင် ကားထဲရှိ ငွေ​ကျပ် ၁၁ သိန်းပျောက်​ဆုံသွားကြောင်းတွေ့ရှိရသဖြင့် လမ်းမ​တော်​မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။

"ကားက ကိုယ်​ပိုင်​ကားပါ။ ကားတံခါး​ပေါက်​ကိုဖွင့်​ပြီး က​လေးသွားပို့​နေတုန်း ပြန်​လာ​တော့ ​ငွေတွေမရှိ​တော့တာ​ပေါ့။ အခုမီးတန်းကားနဲ့ ကာယကံရှင်​​တွေနဲ့ မသင်္ကာတဲ့သူ​တွေကို ရှာ​နေပါတယ်​။ CCTV မှတ်​တမ်း​တွေ လိုက်​ရှာ​နေပါတယ်​''ဟု လမ်းမ​တော်​မြို့မရဲစခန်းမှ တာဝန်​ကျ ရဲအရာရှိက​ပြောသည်​။

လင်းလင်း​အောင်(News Watch)

No comments:

Post a Comment