Latest News

Friday, May 5, 2017

မြန်မာ-ဂျာမနီ ပူးပေါင်းပြီး ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ကိုင်မည်

မြန်မာ-ဂျာမနီ ပူးပေါင်းပြီး ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ကိုင်မည်

ဂျာမနီအခြေစိုက် Siemens ကုမ္ပဏီနှင့် ပြည်တွင်းမှ မြန်မာမဟာထွန်း ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆိပ်ကမ်းဝန်ဆောင်မှုများ လုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

လက်ရှိအချိန်တွင် မြန်မာမဟာထွန်း ကုမ္ပဏီ အနေနှင့် မြန်မာ့ဆိပ်ကမ်းများတွင် ကရိန်းဝန်ဆောင်မှုများကို လုပ်ကိုင်လျက်ရှိပြီး ယခုအခါတွင် Siemens ကုမ္ပဏီ၏ နည်းပညာဖြင့် အသုံးပြုထားသော ဝန်ချီစက်များနှင့် ကရိန်းဝန်ဆောင်မှုများ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြန်မာမဟာထွန်း၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ယမုံဝင်းက ပြောကြားသည်။
“နည်းပညာသစ်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ လိုအပ်မှုနဲ့ ကိုက်ညီမယ့် ဝန်ဆောင်မှုတွေ ပေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

Siemens ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်မှ စတင်ပြီး လုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ လျှပ်စစ်စွမ်းအင်၊ ဆိပ်ကမ်းနှင့် ကုန်ပစ္စည်း သယ်ယူတင်ပို့မှု လုပ်ငန်းများ အပါအဝင် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဆိုင်ရာ စီးပွားရေး လုပ်ငန်းများတွင်လည်း ဝန်ဆောင်မှုပေးလျက် ရှိသည်။


The Voice

No comments:

Post a Comment