ဟိုတယ်နှင့် ခရီးသွားကဏ္ဍစီမံချက်အသစ်တွေနဲ့ စတင်မည်
မြန်မာနိုင်ငံမှာ
၂၀၁၆ ခုနှစ်က ခရီးသွားဧည့်သည်ပေါင်း ၂.၉၁ သန်းဝင်ရောက်ခဲ့ပါတယ်။
နေပြည်တော်၊ ဧပြီ ၃၀ – မြန်မာနိုင်ငံရဲ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍကိုလက်ရှိဘဏ္ဍာနှစ်မှာ ဖြေလျှော့မှုတွေနဲ့အတူ စီမံချက်အ သစ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှာဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ ဟိုတယ်နှင့်ခရီးသွားကဏ္ဍဟာ လက်ရှိမှာစတင် ဖွံ့ဖြိုးတိုးတက်ဖို့ အစပျိုးလာတဲ့ အခြေအနေကောင်းမှာရှိနေပေမဲ့ သည့်ထက်ဖွံ့ဖြိုးတိုးတက်ဖို့ ပိုပြီးအရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့လည်း လိုအပ်နေသေးတယ်လို့ ကမ္ဘာ့ခရီးသွယဒလုပ်ငန်းအဖွဲ့ tourism police) ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ဟိုတယ်နှင့်ခရီးသွားကဏ္ဍဟာ တခြားနိုင်ငံ တွေနဲ့နှိုင်းယှဉ်ရငဟို တယ်တွေရဲ့တည်းခိုခစရိတ်တွေဟာ တခြားနိုင်ငံတွေထက် ဈေးမြင့်နေတယ်လို့ သိရပါတယ်။ ဒပင်ငြိမ်း ချမ်းရေးမရရှိသေးတဲ့ နယ်မြေတွေ မှာ နိုင်ငံခြားသားဧည့်သည်တွေ အတွက် နယ်မြေကန့်သတ်ထားရတာတွေလည်းရှိနေသေးတယ်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က နောက်နိုင်ငံခြားသားဧည့်သည်တွေကို Hostel တွေမှာ ငှားရမ်းနေထိုင်ဖို့အတွက်တော့လေ့လာသုံးသပ်ဆဲဖြစ်ပါတယ်လို့ ပြောပါတယ်။
လာမယ့်နှစ်တွေမှာတော့ မြန်မာနိုင်ငံရဲ့နေရာဒေသအလိုက် တည်းခိုဆောင်တွေမှာ နိုင်ငံခြားသားဧည့်သည်တွေကိုငှားရမ်းနေ ထိုင်နိုင်အောင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြား သား ဧည့်သည့်တွေကို ငှားရမ်းနေထိုင်ခွင့်ပြုဖို့ ဥပဒေအရရော၊ ဥပဒေလုပ်ငန်းစဉ်အရပါ မရှိသေးဘူးလို့ ဦးတင့်သွင်ကပြောပါတယ်။
လက်ရှိဘဏ္ဍာနှစ်မှာ ခရီးသွားကဏ္ဍရဲ့ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ် နေတဲ့ ကုန်ကျစရိတ်များပြားနေတာတွေကို လျှော့ချနိုင်ဖို့ဌာနဆိုင် ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့သိရပါတယ်။
တိုးချဲ့
ဒါ့အပြင် ခရီးသွားတွေအတွက် ကန့်သတ်နယ်မြေတွေကိုလည်း တဖြည်းဖြည်း လျှော့ချနိုင်အောင်လုံခြုံရေးရဲ (tourism police) တွေကိုလည်း တိုးချဲ့ဖွဲ့စည်းဖို့ရှိတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ ဗဟိုကော်မတီအစည်းအဝေးမှာ ချက်ချင်းလက်ငင်းလုပ်ကိုင်လို့ရမယ့် လုပ်ငန်းစဉ်တချို့ရော၊ ရေရှည်ဆက်ပြီးဆောင်ရွက်ရမယ့်လုပ်ငန်း တချို့ရော နှစ်ပိုင်းချမှတ်နိုင်ခဲ့ပါတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောပါတယ်။
လက်ရှိလုပ်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေကတော့ Green Season သတ်မှတ်နိုင်ရေးနဲ့ ပုဂံ – အန်ကောဝပ်ဒေသနှစ်ခုကို ခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်အောင်ဆောင်ရွက်မယ်လို့ သိရပါတယ်။
Green Season အတွက် နှစ်စဉ် ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ သည်လေးလကို သတ်မှတ်ထားပြီး ခရီးသွားမြှင့်တင်ရေးကို ဦးစား ပေးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဓိက ပုဂံ၊ အင်းလေးစတဲ့ မြန်မာနိုင်ငံရဲ့ ထင်ပေါ်ကျော်ကြားတဲ့နေရာတွေမှာ လုပ် ဆောင်သွားမှာဖြစ်ပြီး နိုင်ငံခြားသားခရီးသွားတွေအတွက်အခက်အခဲ မရှိအောင်လည်း သည်လေးလမှာဆောင်ရွက်မှာပါ။
‘ဒီလေးလအတွင်းမှာ ဥရောပ၊ ဂျပန်၊ တရုတ်၊ ကိုရီးယားစတဲ့နိုင်ငံ တွေက ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာ အားလပ် ရက်တွေဖြစ်တာကြောင့် အဲဒီအချိန်တွေ အားလုံးကိပစ်မှတ်ထားပြီး ဆောင်ရွက်မှာဖြစ်ပါတယ်လို့ ဦးတင့်သွင်က ပြောပါ တယ်။
သည်လေးလအတွက် သယ်ယူပို့ဆောင်ရေးစရိတ်တွေ လျှော့ချနိုင်ဖို့နဲ့ ခရီးသွားတွေအတွက် စားသောက်နေထိုင်ရေးအဆင်ပြေအောင် လုပ်ဆောင်ဖို့အတွက်လည်း ဆွေးနွေးပြီးဖြစ်ပါတယ်။
ဒါ့အပြင် ပုဂံဒေသနဲ့ ကမ္ဘောဒီးယား နိုင်ငံရှိ အန်ကောဝပ်ဘုရား ကျောင်းကို ခရီးစဉ်တစ်ခုအဖြစ် သတ်မှတ်ပြီး တိုက်ရိုက်လေကြောင်း လိုင်း အမြန်ဆုံးပြေးဆွဲ နိုင်အောင်လည်းဆောင်ရွက်မှာပါ။
‘အချိန်အတိအကျ မပြောနိုင်ပေမဲ့ အမြန်ဆုံးဖြစ်အောင်လုပ်သွား မှာပါ၊ ဒါဟာလဲ တစ်ဖက်နိုင်ငံအနေနဲ့ အမြန်ဆုံးအကောင်အထည် ဖော်ဖို့ ကမ်းလှမ်းထားတာရှိပါတယ်လို့ ဦးတင့်သွင်က ပြောပါတယ်။
ပုဂံဒေသနဲ့ အန်ကောဝပ်ဘုရား ကျောင်းတိုက်ရိုက်လေကြောင်းလိုင်းအစီအစဉ်ကိုတော့ work group လို့ခေါ်တဲ့လုပ်ငန်းအဖွဲ့အစည်းတွေဖွံ့ပြီး ဆောင်ရွက်မှာပါ။
စွမ်းရည်မြှင့်
ဟိုတယ်အပိုင်းမှာဆိုရင်လည်း နိုင်ငံတကာနဲ့ယှဉ်နိုင်အောင် စွမ်းဆောင်ရည်မြှင့်တင်တဲ့ သင်တန်းတွေကိုများများဖွင့်လှစ်သွား မယ်လို့ သိရပါတယ်။ ဒါ့အပြင် B.A (Tourism) ဘာသာရပ်ကိုလည်း မာစတာ ဘွဲ့အထိပေး အပ်နိုင်အောင် ပညာရေးဝန်ကြီးဌာနနဲ့ စတင်ညှိနှိုင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ B.A (Tourism) ဘာသာရပ်ကို အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (ရန်ကုန်)နဲ့ မန္တလာ ဒီဂရီကောလိပ်(မန္တလေး) တို့မှာသာ သင်ကြားနိုင် သေးပြီး မာစတာဘွဲ့အထိမပေးနိုင်သေးဘူးလို့သိရ ပါတယ်။
ဒါ့အပြင် ခရီးသွားလုပ်ငန်းလိုင်စင် လျှောက်ထားရာမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလကစပြီး အွန်လိုင်းစနစ်နဲ့လျှောက်ထားခွင့်ပြုခဲ့ ရာမှာ ကုမ္မဏီ ၁၂ ခုသာလိုင်စင်လျှောက်ထားလာတဲ့အတွက် လွယ်ကူလျင်မြန်တဲ့ အွန်လိုင်း စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံး ပြုနိုင်ဖို့ အသိပညာပေးလုပ်ငန်းတွေ သည်နှစ်ထဲမှာ ပိုမိုလုပ်ဆောင် မယ်လို့သိရပါတယ်။
‘ခရီးသွားလုပ်ငန်းက ကမ္ဘာပေါ်မှာ ကျွန်တော်တို့လိုဖွံ့ဖြိုးမှု အားနည်းနေသေးတဲ့ နိုင်ငံအတွက် စီးပွားရေးကောင်းအောင် အလုပ်အကိုင်အခွင့်အလမ်းကောင်းအောင် ဖန်တီးနိုင်တဲ့ စီးပွားရေး မောင်းနှင်အားတစ်ခုဖြစ်တာကြောင့် ဘယ်လိုနည်းနဲ့ လက်တွေ့ကျ ကျဆောင်ရွက်နိုင်မယ်ဆိုတာ ပညာရှင်တွေရော၊ လုပ်ငန်းရှင်တွေရော အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတစ်ခုကို လာမယ့်အောက်တိုဘာလ ထဲမှာ လုပ်ဖို့ရှိပါတယ်၊ အသေးစိတ်ဆွေးနွေးကြမှာပေါ့လို့ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို လုပ်ငန်းမူဝါဒခြောက်ရပ်နဲ့ ဆောင်ရွက်နေပြီး ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူအဆင်ပြေ စေရေးအတွက် ခေတ်ကာလ နဲ့လျော်ညီပြီး နိုင်ငံတကာ ခရီးသွား ဥပဒေတွေနဲ့ လိုက်လျောညီထွေရှိအောင် မြန်မာနိုင်ငံခရီးသွား လာရေးတည်ဆဲ ဥပဒေကိုလည်း ပြန်လည်ရေးဆွဲပြီးဖြစ်တယ်။ ဥပဒေမူကြမ်းကိုတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြ ဋ္ဌာန်းနိုင်အောင်စိစစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှာ စတင်ဖွံ့ဖြိုးဆဲလို့သတ်မှတ်ခံထားရ တဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ခရီးသွားဧည့်သည်ပေါင်း ၂.၉၁ သန်းဝင်ရောက်ခဲ့ပြီး လာမယ့် ၂၀၂၀ ကာလအတွင်းမှာတော့ ခရီးသွားဧည့်သည်ပေါင်း ၇.၄၈ သန်းဝင်ရောက်လာမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Author – မာရီခိုင်
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment