Latest News

Monday, May 15, 2017

မင်္ဂလာဒုံတွင် ယာဉ်နှစ်စီးခေါင်းချင်းဆိုင်တိုက်ရာမှ အမျိုးသားနှစ်ဦးသေဆုံး

မင်္ဂလာဒုံတွင် ယာဉ်နှစ်စီးခေါင်းချင်းဆိုင်တိုက်ရာမှ အမျိုးသားနှစ်ဦးသေဆုံး

မင်္ဂလာဒုံမြို့နယ် ပြည် လမ်းအမှတ် (၁) ရေသိုလှောင်ရေး တပ်ရှေ့တွင် ဟိုက်ဂျက်နှင့် ဟွန်ဒိုင်းလိုက်ထရပ်တို့ ခေါင်းချင်းဆိုင်ဝင်တိုက်မှုဖြစ်ပွားရာ အမျိုးသားနှစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

ယာဉ်တိုက်မှုတွင် ရန်ကုန်မှ မှော်ဘီသို့ ထရန်စဖော်မာသွား ရောက်တပ်ဆင်မည့် အမျိုးသား များလိုက်ပါစီးနင်းလာသည့် ဟိုက်ဂျက်ယာဉ်ကို တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ဟွန်ဒိုင်းယာဉ်က စလစ်ဖြစ်ကာ မေလ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် တိုက်မိခဲ့ကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်သူ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပြောသည်။

‘‘ဟွန်ဒိုင်းယာဉ်က စလစ်ဖြစ် ပြီး ဟိုက်ဂျက်ကိုဝင်တိုက်မိတယ်။ဟိုက်ဂျက်ခေါင်းခန်းမှာပါလာတဲ့ တစ်ယောက်ကတော့ နေရာမှာ ဆုံးတယ်။ နောက်မှာပါလာတဲ့ ရှစ်ယောက်မှာတော့ တစ်ယောက်က ဆေးရုံရောက်မှ သေသွားပါတယ်’’ဟု ၎င်းက ပြောသည်။

ကားတိုက်ခံရသည့် ဟိုက် ဂျက်ယာဉ်ပေါ်တွင် လျှပ်စစ်ဝန် ထမ်းများနှင့် လျှပ်စစ်အင်ဂျင်နီ ယာလိုက်ပါစီးနင်းခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူအမျိုးသားနှစ်ဦးနှင့် ထိ ခိုက်ဒဏ်ရာရသူများကို မြောက် ဥက္ကလာပဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။‘‘သေဆုံးသူနှစ်ယောက်မှာ တော့ တစ်ယောက်က ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာ သေဆုံးသွား တယ်။ တပ်မတော်စစ်ဆေးရုံကို အရင်လူနာတွေပို့ပြီး ကယ်တင် ပေးခဲ့တယ်။ နောက်အသက်ကြီး တဲ့ အမျိုးသားကတော့ ဆေးရုံ ရောက်ပြီး နာရီဝက်လောက်မှာ ဆုံးသွားပါတယ်’’ဟု ရဲအရာရှိက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် သေဆုံးသူအမျိုးသားနှစ်ဦးနှင့် ဒဏ်ရာပြင်းထန်သူအမျိုးသား  သုံးဦးကို မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ထားပြီး ယာဉ်တိုက်မှုကျူး လွန်သူ ဟွန်ဒိုင်းလိုက်ထရပ်ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment