Latest News

Wednesday, May 17, 2017

မေလ ၂၄ ရက်နောက်ပိုင်း မုန်တိုင်းတစ်လုံး ထပ်မံဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

မေလ ၂၄ ရက်နောက်ပိုင်း မုန်တိုင်းတစ်လုံး ထပ်မံဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး


 လေဖိအားနည်းရပ်ဝန်း သည် မွန်နှင့် တနင်္သာရီကမ်းရိုး တန်းသို့ ဝင်ရောက်နေ၍ နေရာ ကွက်မိုးကြီးမှုနှင့် လေပြင်းအန္တ ရာယ်ရှိနေပြီး မေလ ၂၄ ရက် နောက်ပိုင်း၌ မုန်တိုင်းတစ်လုံး ထပ်မံဖြစ်ပေါ်နိုင်၍ အထူးသတိထားရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

မေလ ၁၃ ရက်တွင် စတင် ဖြစ်ပေါ်သော လေဖိအားနည်းရပ် ဝန်းသည် မေလ ၁၇ ရက်တွင် မွန် နှင့် တနင်္သာရီကမ်းရိုးတန်းသို့ ဝင် ရောက်နေပြီး တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ ကြား လေပြင်းတိုက်ခတ်နေကာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြားသည်။

 လတ်တလောဖြစ်ပေါ်နေ သည် လေဖိအားနည်းရပ်ဝန်း သည် မုန်တိုင်းအဆင့်ဖြစ်လာရန် စောင့်ကြည့်ရမည့်အခြေအနေရှိ နေသေးပြီး မေလ ၂၄ ရက်နောက် ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် ၌ မုန်တိုင်းတစ်လုံး ဖြစ်လာနိုင် ကြောင်း နိုင်ငံတကာမိုးလေဝသ ဌာန ခန့်မှန်းချက်များကို ကိုးကား ၍ ဒေါက်တာထွန်းလွင်က ကြို တင်သတိပေးသည်။

 လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်သော မေလ ၁၃ ရက်ကစတင်ကာ မြန်မာနိုင်ငံ ဒေသအချို့တွင် နေရာကွက်မိုး ကြီးခဲ့ပြီး လေပြင်းတိုက်ခိုက်မှုများ လည်း ရင်ဆိုင်ခဲ့ရသည်။ မေလ၁၆ ရက်နှင့် ၁၇ ရက်က နှစ်ရက် ဆက် မိုးကောင်းခဲ့၍ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှုအချို့ ဖြစ်ပွားခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူနှင့် ချောင်းဦးမြို့ကြား လမ်းပိုင်းတွင် ကားလမ်းပေါ်ရေကျော်ကာ ကားအစီးရေ ရာချီပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။ မေလ ၁၇ ရက်တွင် ကျောက်ဆည်နှင့် ပခုက္ကူမြို့၌ မိုးရေချိန် စံချိန်သစ်တင်သည်အထိ မိုးကောင်းခဲ့သည်။ လက်ရှိ ရာသီဥတုအခြေအနေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် မုတ်သုံလေအား အလွန်ကောင်းနေပြီး ဒေသအများစု မိုးရွာနိုင်ကာ တနင်္သာရီ တိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။

7Day News Journal

No comments:

Post a Comment