ပြည်တွင်းသုံးစွဲရန်အတွက်သာ ဦးစားပေးရယူဖြန့်ဖြူးပေးခဲ့ခြင်းကြောင့် တရုတ်သို့ သဘာဝဓာတ်ငွေ့တင်ပို့မှု လက်ရှိအချိန်အထိ ရပ်ဆိုင်း ထားဆဲဟုဆို
နေပြည်တော် မေ ၁၃
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသော ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှ သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးအတွက် ရယူသုံးစွဲလျက်ရှိရာ ပြည်တွင်းသုံးအဖြစ် တစ်နေ့လျှင် ကုဗပေသန်း ၁ဝဝ နှုန်းခန့် သဘာဝဓာတ်ငွေ့ ရယူသုံးစွဲလျက်ရှိကြောင်း သိရသည်။
အဆိုပါစီမံကိန်းများအနက် သက်တမ်းလေးနှစ်ရှိပြီဖြစ်သော ကမ်းလွန်ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ ရွှေပလက်ဖောင်းပေါ်၌ ဧပြီ ၁၆ ရက်က Electrical Technical Room ရှိ Emergency Power Bus Bar-B လောင်ကျွမ်းမှုကြောင့် Power Loss ဖြစ်ကာ Emergency Shutdown ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပလက်ဖောင်းမှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် ပို့လွှတ်မှုများရပ်ဆိုင်းခဲ့ရသည်။
သို့ရာတွင် ဧပြီ ၁၇ ရက်က ကမ်းလွန်ပလက်ဖောင်းပေါ်တွင် လိုအပ်သော ပြုပြင်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လုပ်ငန်းစဉ် များဆောင်ရွက် နေချိန်အတွင်း ပြည်တွင်းသ ဘာဝဓာတ်ငွေ့ သုံးစွဲမှုမထိခိုက်စေရန် ပိုက်လိုင်းအတွင်း ဖြည့်တင်းထားသော သဘာဝဓာတ်ငွေ့များဖြင့် ကုဗပေသန်း ၁ဝဝ နှုန်း ဆက်လက်ဖြန့်ဖြူးပေး ပို့ခဲ့သည်။ ဧပြီ ၁၈ ရက်မှစတင်ကာ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုရပ်ဆိုင်းခဲ့ပြီး ပိုက်လိုင်းအတွင်း ဖြည့်တင်းထားသော သဘာဝဓာတ်ငွေ့များအား ပြည်တွင်းသုံးစွဲရန်အတွက်သာ ဦးစားပေးရယူ ဖြန့်ဖြူးပေးခဲ့ခြင်းကြောင့် တရုတ်သို့တင်ပို့မှုကို လက်ရှိအချိန်အထိ ရပ်ဆိုင်း ထားဆဲဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သိရသည်။
''ပုံမှန်အားဖြင့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၁ဝဝ ရယူပြီး ပြည်တွင်း သုံးစွဲလျက်ရှိပါတယ်။ သန်း ၁ဝဝ သုံးစွဲနေရာကနေ Shutdown ဖြစ်သွားတဲ့ အခါမှာ ပိုက်လိုင်းအတွင်း ကျန်တဲ့သဘာဝဓာတ်ငွေ့တွေကိုပဲ ထုတ်ယူသုံးစွဲ ခဲ့ရပါတယ်။ ပုံမှန်သုံးစွဲနိုင်အောင် ဧပြီ ၁၆ ရက်ကစပြီး သန်း ၁ဝဝ ကနေ ၅ဝ အထိလျှော့သုံးခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ဓာတ်ငွေ့တအားနည်းလာတဲ့အတွက်ကြောင့် ဆက်လက်သုံးစွဲဖို့ အခက်အခဲတွေဖြစ်လာတဲ့အခါ ဧပြီ ၁၈ ရက်မှာတော့ သန်း ၅ဝ ကနေ ၂၅ သန်းသာသုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် မေ ၂ ရက်မှာတော့ လိုင်းပြန်မရှိတော့ တဲ့အတွက် ဓာတ်ငွေ့သုံးစွဲမှုကို ရပ်ဆိုင်းခဲ့ရ ပါတယ်။ အဲဒီအတွက် အမြန်ဆုံးပြန်လည်ထုတ်ယူသုံးစွဲနိုင်ဖို့လည်း ပြုပြင်ဆောင်ရွက် လျက်ရှိပါတယ်''ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသန်းစိန်က ပြောကြားသည်။
ပိုက်လိုင်းအတွင်းကျန်ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူသုံးစွဲနို င်သည့် ဖိအားအနေအထားအထိ ပြည်တွင်းသုံးအတွက်သာ ထုတ်ယူဖြန့်ဖြူး ခဲ့ရာ မေ ၂ ရက်မှစတင်ကာ ပိုက်လိုင်းအတွင်းမှ သဘာဝဓာတ်ငွေ့ထုတ် ယူသုံးစွဲမှုအားရပ်ဆိုင်း၍ ပြည်တွင်း သုံးသဘာဝဓာတ်ငွေ့ အမြန်ဆုံးထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးအတွက် ပြင်ဆင်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ် ဓာတ်အားဖြတ်တောက် မှုနည်းပါးစေရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနတို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(နိုင်လင်းကြည်)
Sunday, May 14, 2017
ပြည်တွင်းသုံးစွဲရန်အတွက်သာ ဦးစားပေးရယူဖြန့်ဖြူးပေးခဲ့ခြင်းကြောင့် တရုတ်သို့ သဘာဝဓာတ်ငွေ့တင်ပို့မှု လက်ရှိအချိန်အထိ ရပ်ဆိုင်း ထားဆဲဟုဆို
ပြည်တွင်းသုံးစွဲရန်အတွက်သာ ဦးစားပေးရယူဖြန့်ဖြူးပေးခဲ့ခြင်းကြောင့် တရုတ်သို့ သဘာဝဓာတ်ငွေ့တင်ပို့မှု လက်ရှိအချိန်အထိ ရပ်ဆိုင်း ထားဆဲဟုဆို
Reviewed by Ar Ti
on
12:52 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment