မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အားရောင်းချရန် လာအို
လာရောက်ဆွေးနွေး
မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး လာအိုနိုင်ငံက ၎င်းတို့ထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန် ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
လာအိုနိုင်ငံက ပြီးခဲ့သည့် ရက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ လာရောက်ဆွေးနွေး ၍ ရောင်းချမည့် လုပ်ငန်းစဉ်ကို တင်ပြခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအ တွင်းဝန် ဦးစိုးမြင့်ကပြောသည်။
‘‘သူတို့ဘက်က လျှပ်စစ် ရောင်းဖို့လာတင်ပြတယ်။ တင်ပြ လာတဲ့အထဲမှာ ဘယ်လောက် ရောင်းမယ်၊ ဘယ်နှုန်းနဲ့ရောင်း မယ်၊ ဘယ်ဓာတ်အားလိုင်းနဲ့ ချိတ် ရောင်းမယ်ဆိုတာ မပါသေးဘူး။ ဒါတွေကို ပြန်တင်ခိုင်းတာ။ ဒါတွေပြီးလို့ ဈေးနှုန်းသင့်ရင်ဝယ်မယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။
သို့သော် လာအိုနိုင်ငံနှင့်ကပ်လျက် မြန်မာဘက်ခြမ်းတွင် ဓာတ်အားလိုင်း သွယ်တန်းထားနိုင်ခြင်း မရှိသေးကြောင်း ဦးစိုးမြင့်ကပြောသည်။
မြန်မာနိုင်ငံသို့ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၃၀၀ တင်ပို့ ရောင်းချရန် အစီအစဉ်ရှိကြောင်း လာအို စွမ်းအင်နှင့်သတ္တုတွင်း ဆိုင်ရာ ဒုတိယဝန်ကြီးက ၂၀၁၆ ဖေဖော်ဝါရီတွင် ပြောကြားခဲ့ သည်။ ထိုပမာဏသည် ဗီယက် နမ်နိုင်ငံသို့ ရောင်းချနေသည့်ပမာ ဏထက် ပိုမိုများပြားမည်ဟုဆို သည်။
လျှပ်စစ်ဓာတ်အား လိုအပ် ချက်အတွက် လာအိုနိုင်ငံအပြင် ထိုင်းနှင့်တရုတ်နိုင်ငံတို့မှ ဝယ်ယူ ရန်ရှိ၍ လက်ရှိညှိနှိုင်းနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးထိန်လွင် ကပြောသည်။
လာအိုနိုင်ငံသည် မဲခေါင်ဒေသတွင် ပြည်ပသို့ လျှပ်စစ်ရောင်းချနေသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး လျှပ်စစ်ရောင်းချခြင်း၊ သွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်းကို လာအိုအစိုးရပိုင် EDL ကုမ္ပဏီက ဆောင်ရွက်နေခြင်း ဖြစ်သည်။ လာအိုနိုင်ငံမှ လျှပ်စစ်ကို ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံများသို့ အဓိက ရောင်းချနေသည်။ လာအိုနိုင်ငံ၌ ၂၀၁၆ တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄၀ ကျော်ရှိ၍ လျှပ်စစ်ဓာတ်အား (စက်တပ်အင် အား) ၆,၃၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည်။ ၂၀၂၀ တွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၉၀ အထိ တိုးမြှင့်ဆောက်လုပ်ရန် စီ စဉ်ထားသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်သုံး စွဲမှုသည် ၂၀၁၇ မေလ ၂၃ ရက်၌ အမြင့်ဆုံးဖြစ်၍ ၃,၀၇၅ မဂ္ဂါဝပ် သုံးစွဲခဲ့ကာ ၂၀၁၆ မေလ ၂၃ ရက် တွင် လျှပ်စစ်ဓာတ်အား ၂,၆၉၈ မဂ္ဂါဝပ်ကျော် သုံးစွဲခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် ရေ အားလျှပ်စစ်စက်ရုံ ၂၆ ရုံ၊ သဘာ ဝဓာတ်အားပေးစက်ရုံ ၂၇ ရုံနှင့် အကြီးစား ကျောက်မီးသွေးဓာတ် အားပေးစက်ရုံတစ်ခုရှိကာ စုစုပေါင်း လျှပ်စစ်ဓာတ်အား (စက်တပ်ဆင်ဓာတ်အား) ၅,၂၃၅ မဂ္ဂါဝပ်ရှိသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment