Latest News

Sunday, May 28, 2017

အင်းနရစ်ကို ဘုရင့်ဖလားနဲ့ နှုတ်ဆက်ခဲ့တဲ့ ဘာစီလိုနာ

အင်းနရစ်ကို ဘုရင့်ဖလားနဲ့ နှုတ်ဆက်ခဲ့တဲ့ ဘာစီလိုနာ

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကို ဘာစီလိုနာနဲ့ အလာဗတ်စ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ပြီး ဘာစီလိုနာအသင်းက (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြ အင်းနရစ်ရဲ့ နောက်ဆုံးပွဲမှာ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး ဘုရင့်ဖလား ချန်ပီယံဆုကို (၂၉)ကြိမ်မြောက် ဆွတ်ခူးခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှာ ဆွာရက်ဇ် ပွဲပယ်ခံထားရတာကြောင့် MSN တိုက်စစ် တင်းပြည့်ကျပ်ပြည့် ပွဲမထွက်နိုင်ပေမယ့် တိုက်စစ်မှာ ကစားတဲ့ မက်ဆီ၊ နေမာ၊ အယ်လ်ကာဆာတို့ (၃)ဦးစလုံး တစ်ဂိုးစီ သွင်းနိုင်ခဲ့ပါတယ်။

ပွဲချိန်(၃၀)မိနစ်မှာ မက်ဆီက နေမာရဲ့ ဖန်တီးမှုကတစ်ဆင့် ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုး သွင်းယူပြီး (၃၃)မိနစ်မှာ အလာဗတ်စ် နောက်ခံလူ ဟာနန်ဒက်ဇ်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ ပထမပိုင်းမပြီးခင် (၄၅)မိနစ်နဲ့ နာကျင်အချိန်ပိုမှာ နေမာနဲ့ အယ်လ်ကာဆာတို့ ဂိုးတွေထပ်သွင်းပြီး ဘာစီလိုနာအသင်း ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းက ဦးဆောင်ဂိုးတွေကိုသာ ထိန်းသိမ်းသွားခဲ့ပြီး ဂိုးတွေ ထပ်မသွင်းနိုင်တော့ပါဘူး။

ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီဟာ မတူညီတဲ့ ဘုရင့်ဖလား ဗိုလ်လုပွဲ (၄)ခု (၂၀၁၇, ၂၀၁၅, ၂၀၁၂ ၊ ၂၀၀၉) မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာသလို၊ နေမာကလည်း ပွတ်ရှ်ကတ်စ် နောက်ပိုင်း ဘုရင့်ဖလား ဗိုလ်လုပွဲ (၃)ကြိမ်ဆက် (၂၀၁၇၊ ၂၀၁၆၊ ၂၀၁၅) ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာပါတယ်။

■ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲရလဒ်
ဘာစီလိုနာ ၃-၁ အလာဗတ်စ်

Photos: Barcelona, AFP
Eleven Sports

No comments:

Post a Comment