Latest News

Tuesday, May 16, 2017

ရန်ကုန်စည်ပင်ဥပဒေ ပြင်ဆင်ရေးဆွဲမည်ဖြစ်၍ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဦးမည်မဟုတ်

ရန်ကုန်စည်ပင်ဥပဒေ ပြင်ဆင်ရေးဆွဲမည်ဖြစ်၍ ရွေးကောက်ပွဲ
ပြုလုပ်နိုင်ဦးမည်မဟုတ်

ရန်ကုန်မြို့တော် စည် ပင်သာယာရေးဥပဒေကို ပြင်ဆင် ရန် ဆောင်ရွက်နေခြင်းကြောင့် ကော်မတီဝင်အဆင့်ဆင့် ရွေး ကောက်ပွဲ ပြုလုပ်နိုင်ဦးမည်မဟုတ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီအဆင့် ဆင့် ရွေးချယ်တင်မြှောက်ပွဲကို မကျင်းပနိုင်သေးခြင်းနှင့် မည်သည့်အချိန်တွင် ပြုလုပ်ရန်ရှိသည်ကို သိလိုကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မေလ ၁၆ ရက်တွင်  ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေး၌ မေးမြန်းခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည် လက်ရှိကျင့်သုံးနေသော ဥပဒေကို ခေတ်ကာလနှင့် လိုက်လျောညီ ထွေအောင် ပြင်ဆင်ရေးဆွဲရန် ရှိနေခြင်းကြောင့် ရွေးကောက်ပွဲမပြုလုပ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီးကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြားသည်။

‘‘၂၀၁၇ ဇန်နဝါရီကစလို့ စည်ပင်သာယာရေးဥပဒေကို ပြင် ဆင်ရေးဆွဲဖို့အတွက် အဖွဲ့ဖွဲ့ထားပါတယ်။ ဥပဒေပြင်ဆင်ပြီးတဲ့အ ခါကျမှသာ ကျန်တာဆက်လုပ် သွားဖို့ရှိပါတယ်’’ဟု ၎င်းက ဆို သည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီအဆင့် ဆင့် ရွေးချယ်တင်မြှောက်ခြင်းကို ယခင်အစိုးရလက်ထက် ၂၀၁၄ ဒီဇင်ဘာက ပြုလုပ်ခဲ့ကာရွေးချယ် ခံရသော ကော်မတီဝင်များသည်အစိုးရသစ်တာဝန်စတင်ယူသည့်နှစ် မေလ ၁၆ ရက်တွင် တာဝန်ပြီး ဆုံးကြောင်း ကြေညာချက်နှင့်အ တူ တာဝန်မှ ရပ်စဲခံခဲ့ရသည်။

‘‘ကော်မတီဝင်တွေ တာဝန် ပြီးဆုံးတာ ဒီနေ့ (မေလ ၁၆ ရက်) ဆိုရင် တစ်နှစ်တိတိရှိပါပြီ။ အစိုး ရသစ်ရဲ့ တစ်နှစ်တာကာလအ တွင်းမှာ စည်ပင်သာယာဟာ ဖွဲ့ စည်းပုံမပြည့်စုံဘဲနဲ့ လုပ်ငန်းလုပ် ဆောင်နေခဲ့တယ်။ ဒါကြောင့် ဥပဒေပါအတိုင်း ရွေးကောက်ပွဲ ပြုလုပ်ဖို့ လိုအပ်နေပါတယ်’’ဟု ဦးလှဌေးက ပြောသည်။


7Day News Journal

No comments:

Post a Comment