Latest News

Wednesday, May 3, 2017

မောင်တောမှာနေရာပြန်ပေးဖို့စီစဉ်

မောင်တောမှာနေရာပြန်ပေးဖို့စီစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေအတွင်း မီးလောင်သွားတဲ့ ကျေးရွာတွေက မွတ်စလင် မိသားစုတွေကို မူလနေရာတွေမှာ ပြန်လည်နေရာ ချထားပေးဖို့ ပြည်နယ်အစိုးရက ပြင်ဆင်နေပါတယ်။

အဲဒီမီးလောင်ပြင်မြေနေရာတွေပေါ်မှာ အိမ်ရာမြေကွက်တွေဖော်နေပြီး မကြာခင် ပြန်လည်နေရာချထားပေးမှာဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကပြောပါတယ်။

ကျေးရွာပေါင်း ၁၃ ရွာမှာ ပေ ၆၀၊ ၄၀ စီရှိတဲ့ အိမ်ရာမြေကွက်တွေ ဖော်နေတာဖြစ်ပြီး အားလုံးပြီးစီးတာနဲ့ တပြိုင်နက် ပြန်လည်နေရာချထားပေးမှာဖြစ်တယ်လို့သိရပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း က ဖြစ်ပွားခဲ့တဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ကျီးကန်းပြင်၊ ဝပိတ်၊ ရေခပ်ချောင်းခွဆုံ၊ ဦးရှည်ကျ စတဲ့ကျေးရွာပေါင်း ၁၀ ကျော်မှာ နေအိမ်မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာပါ။

နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေဟာ သူတို့ရဲ့ဆွေမျိုးသားချင်းတွေ အိမ်မှာ နေထိုင်နေကြရတာဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကပြောပါတယ်။

Photo: Human Rights Watch

RFA

No comments:

Post a Comment