Latest News

Monday, May 15, 2017

လမ်းနှင့်မလွတ်သော ကျူးကျော်ဆိုင်ခန်းများအနေဖြင့် မိမိမိတို့ အသိစိတ်ဖြင့် ဖယ်ရှားပေးစေလိုဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဆို

လမ်းနှင့်မလွတ်သော ကျူးကျော်ဆိုင်ခန်းများအနေဖြင့် မိမိမိတို့ အသိစိတ်ဖြင့် ဖယ်ရှားပေးစေလိုဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဆို

ပြည်နယ်အတွင်း လမ်းများ ခင်းရာတွင် လမ်းနှင့်မလွတ်သော ကျူးကျော် ဆိုင်ခန်းများရှိပါက မိမိတို့၏ အသိစိတ်ဖြင့် ဖယ်ရှားပေးရန် လိုအပ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွှေဟင်္သာခန်းမ၌ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိနှင့် အဖွဲ့ဝင်များအနေဖြင့် မေ ၁၄ ရက် နံနက် ၁ဝ နာရီတွင် ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရအနေဖြင့် လမ်းခင်းခြင်း လုပ်ငန်းများကို အဓိက လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ မုဒုံမြို့ ရပ်ကွက် အတွင်းရှိ လမ်းများ၊ ကျေးရွာ ရပ်ကွက်အတွင်းရှိ လမ်းများ ကွန်ကရစ်လမ်းခင်းပါက ဘိလပ်မြေ အပြည့်အဝ ပေးမည်ဖြစ်ပြီး ကတ္တရာလမ်း ခင်းပါကလည်း ကတ္တရာ အပြည့်အဝ ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအနေဖြင့် အစိုးရနှင့် ပြည်သူ တစ်ယောက်တစ်ဝက် လမ်းခင်းလျှင်လည်း ချက်ချင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ လမ်းများခင်းရာတွင် လမ်းနှင့် မလွတ်သော ကျူးကျော်ဆိုင်ခန်းများရှိပါက မိမိတို့ အသိစိတ်ဖြင့် ဖယ်ရှားပေး ရန် လိုအပ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

ပြည်နယ်အစိုးရအနေဖြင့် ပညာရေးဌာနတွင် ၉ ဒသ၁မ ၃ ဘီလီယံ သုံးစွဲ ထားပြီး ကျန်းမာရေးကဏ္ဍကိုလည်း အဓိက ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် တရားမ၀င်မြေကွက် များကို ရောင်း စားခြင်း တိတိကျကျ တိုင်ကြားလာပါက စစ်ဆေးအရေးယူမှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

The Ladies News

No comments:

Post a Comment